Chapter 79

3.6K 685 27
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 79: လူငယ်လေယာဥ်မှုးလေး

ပိုကြီးမားတဲ့ပေါက်ကွဲထွက်မှုတစ်ခုကလာတော့မှာဖြစ်တယ်။ July 17ရန်ချွီးချီရဲ့မွေးနေ့မှာ ရှန်ကျင်းထျန်က ရိုက်ကူးရေးကအရမ်းအလုပ်များနေတာကြောင့် သူပြန်မလာနိုင်ဘူးလို့phဆက်ပြီးပြောခဲ့တယ်။

သရုပ်ဆောင်တစ်ယောက်စတင်ရိုက်ကူးပြီဆိုတာနဲ့ အဲ့ဒါကကိစ္စကြီးတစ်ခုဖြစ်လာတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတာနဲ့ သူတို့ကအခြားလူတွေနဲ့လိုက်လျောညီထွေဖြစ်စေဖို့ သူတို့ကသူငယ်ချင်းတွေ မိသားစုတွေရဲ့မွေးနေ့တွေကိုမေ့ထားရတယ်။ အဲ့ဒါတွေက ရိုက်ကူးရေးဖြစ်စဥ်ကိုလုံးဝရပ်တန့်စေလိမ့်မယ်။

ရှန်ကျင်းထျန်က ရန်တိန်ဖန်းရဲ့အသက်၅၀ပြည့်မွေးနေ့မတိုင်ခင်ပြန်လာဖို့စီစဥ်ထားတယ်။ သူကမဒမ်ရန်ကိုအရင်phခေါ်ခဲ့ပြီးမှ ရန်ချွီးချီကိုသူ့ဆုံးဖြတ်ချက်ကိုပြောပြခဲ့တယ်။

မဒမ်ရန်က ရန်ချွီးချီဘယ်လိုစိတ်အခြေအနေမှာရှိနေမလဲဆိုတာမသိတော့ဘူး။ သူမသိတာကတော့ ရန်ချွီးချီကမွေးနေ့ပွဲမကျင်းပတော့ဘဲနိုင်ငံခြားကိုအလုပ်ခရီးသွားခဲ့တာဘဲဖြစ်တယ်။ သူမကသူ့ကိုသက်ရှည်ခေါက်ဆွဲတစ်ပွဲစားဖို့ဘဲမှာနိုင်ခဲ့တယ်။

ရန်ချွီးချီက အလုပ်ပြန်မလုပ်ခင်"အမ်း"လို့ဘဲပြန်ဖြေခဲ့တယ်။

မဒမ်ရန်ကတော့ အဲ့ဒါကအချိုပွဲတစ်ခုဘဲလို့ ရိုးရိုးသားသားခံစားမိတယ်။ သူမအတွေးထဲမှာတော့ တစ်စုံတစ်ယောက်က မင်းကိုကြိုက်ပေမဲ့ မင်းကသူတို့ကိုလျစ်လျူရှုပြီးစိတ်မရှည်ဖြစ်စေတယ်။ နောက်တော့သူတို့လှည့်ထွက်သွားပြီး မင်းအပေါ်သူတို့ရဲ့ချစ်ခြင်းတွေဖြတ်တောက်ပစ်လိုက်တော့မှ မင်းကအဲ့ဒါကိုလွမ်းနေတယ်......ဟုတ်ပြီလေ သူမပြောနိုင်တာကတော့
"ခွေးမ နင်ကအဲ့ဒါနဲ့ထိုက်တန်တယ်!"

တစ်ချိန်ထဲမှာဘဲ သူမကရန်ချွီးချီရဲ့ပြောင်းလဲမှုကိုနားလည်ပေးနိုင်တယ်။ ရှန်ကျင်းထျန်က လုံးဝကွဲပြားတဲ့လူတစ်ယောက်အဖြစ်အများကြီးပြောင်းလဲသွားတယ်။ သူမရဲ့သားကအတော်လေးတစ်ကိုယ်ကောင်းဆန်နေသေးပြီး ရလဒ်ကအသဲကွဲတာဘဲဖြစ်နိုင်တယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now