Author: 公子于歌 / Gong Zi Yu Ge
Chapter 86: အနမ်း
မဒမ်ရန်က သူတို့နှစ်ယောက်ကတော်တော်လေးလိုက်ဖတ်တယ်လို့ထင်တယ်။ သူတို့မှာ ဆင်တူတဲ့ရုပ်ရည်၊ အရပ်အမြင့်၊ အခြေအနေ၊ personalityတွေရှိပြီး အရေးအကြီးဆုံးကသူမကရန်ချွီးချီရဲ့အမေဖြစ်ပြီး သူမကလည်းရှန်ကျင်းထျန်ကိုအချစ်ဆုံးဖြစ်တယ်။ အနာဂတ်မှာ သူတို့သာတကယ့်မိသားစုတစ်ခုဖြစ်လာနိုင်ရင် သေချာပေါက်ကောင်းမွန်တဲ့အိမ်ထောင်ရေးတစ်ခုဖြစ်လိမ့်မယ်။
အတိတ်က အတိတ်ဘဲဖြစ်တယ်။ အဲ့ဒါကိုထပ်ပြောဖို့မလိုတော့ဘူး။ မဒမ်ရန်ကတော့သူမရဲ့သားကိုကူညီဖို့ဆုံးဖြတ်လိုက်ပြီ!သူမရဲ့အမျိုးသမီးဗီဇအရ မဒမ်ရန်က ရှန်ကျင်းထျန်နဲ့ပိုင်ချင်းကွမ်ကြားကဆက်ဆံရေးက နည်းနည်းသိမ်မွေ့တယ်လို့ခံားမိတယ်။
ရှန်ကျင်းထျန် : “မင်းဒီမှာ ဘယ်လောက်လောက်နေမှာလဲ?"
“တစ်ညဘဲ၊ မနက်ဖြန်မနက်ခင်းမှာပြန်သွားရမှာ"
ပိုင်ချင်းကွမ်က ပြောလိုက်တယ်။“မင်းအချိန်ပိုအောင်လို့ ဧည့်သည်အခန်းတွေထဲကတစ်sceneကိုရိုက်သွားလို့ရတယ်လို့ငါထင်တယ်၊ မင်းရုပ်ရှင်အသစ်စရိုက်ရင် အချိန်ဇယားညှိဖို့ကခက်လောက်မှာ"
ရှန်ကျင်းထျန်က ပြောလိုက်တယ်။“ငါအရမ်းအလွယ်လေးကတိပေးလိုက်ပေမဲ့ ဝေ့ကောနဲ့အခြားလူတွေရဲ့အမြင်ကိုအရင်မေးသင့်ခဲ့တာ"
ပိုင်ချင်းကွမ်က ပြောလိုက်တယ်။“မင်းရဲ့ဘော့စ်ကဒီမှာလေ"
ရှန်ကျင်းထျန်က ရန်ချွီးချီကိုကြည့်လိုက်ရင်း
"သူသာပြောလိုက်ရင် ဝေ့ကောနဲ့အခြားလူတွေမှာဘာအမြင်တွေရှိနိုင်ဦးမှာလဲ?"“မင်းရဲ့ကိုယ်ပိုင်အဖွဲ့နဲ့ဆွေးနွေးဖို့လိုသေးတယ်"
ရန်ချွီးချီက ပိုင်ချင်းကွမ်ကိုပြောလိုက်တယ်။
"မင်းရဲ့personalစီးပွားရေးမှာ ငါဝင်ပါမှာမဟုတ်ဘူး"အရမ်းစီးပွားရေးဆန်နေသေးတုန်းဘဲ။
ရှန်ကျင်းထျန်: “သူသာဧည့်သည်အဖြစ်ပါရင် ရုံတင်ဝင်ငွေကပိုများလာမှာ၊ အခုကျွန်တော်တို့ပူးပေါင်းနေသရွေ့ ရေပန်းစားတဲ့သတင်းတွေဖန်တီးနိုင်မှာနော်"
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Humorကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...