Author: 公子于歌 / Gong Zi Yu Ge
Chapter 73: သခင်ကြီး၃ပါးရဲ့ပြန်လည်ဆုံစည်းခြင်း
DGLLပြီးဆုံးသွားတော့ ရှန်ကျင်းထျန်က လတစ်ဝက်လောက်ပျောက်နေခဲ့တယ်။ နောက်ပိုင်းသူအခမ်းအနားပွဲတွေတက်တော့ မေးခွန်းအများစုက ဒရာမာနဲ့ဆက်နွယ်နေတာတွေဘဲဖြစ်တယ်။
လီရှုရဲ့အဆုံးသတ်ပြီးသွားတော့ ဓားကအရမ်းနက်လွန်းနေတာကြောင့် ratingတွေကထိုးကျသွားခဲ့တယ်။ အဲ့ဒါကထပ်ပြီးပြန်တက်မလာခင်အထိ တစ်ပတ်လောက်ဆက်တိုက်ကျဆင်းနေခဲ့တယ်။
“ကျွန်တော်ကိုယ်တိုင် ဒီအဆုံးသတ်ကိုလက်ခံနိုင်ပါတယ်"ရှန်ကျင်းထျန်က အင်တာဗျူးတစ်ခုမှာပြောခဲ့တယ်။
"သူ့အချစ်ရဆုံးသူက အသက်ရှင်နေသေးပြီး ကမ္ဘာကြီးကငြိမ်းချမ်းနေဆဲဘဲ၊ သူကမင်းသားရဲ့နွေးထွေးကျယ်ပြန့်တဲ့ကျောပြက်ပေါ်မှာသေဆုံးခဲ့ရပြီး သူချစ်တဲ့လူက ကြင်နာနူးညံ့နေတုန်းဆိုတာသိသွားတယ်လေ"မင်းသားရဲ့နောက်ဆုံးvedio clipနဲ့ပတ်သက်ပြီးသူကပြောခဲ့တယ်။
"ကျွန်တော် စီချီနဲ့ဆက်သွယ်ဖြစ်ခဲ့တယ်၊ ဇာတ်ညွှန်းရေးဆရာမက လီရှုအပေါ်ကြင်နာပေမဲ့ မင်းသားအပေါ်ရက်စက်တယ်လို့သူခံစားမိတယ်တဲ့၊ ဒါပေမဲ့ သူအဲ့ဒီအကြောင်းတွေးကြည့်ပြီးသွားတော့ သူမသေခင်မှာသူချစ်ရတဲ့သူကို ပွေ့ဖက်နိုင်ခဲ့ပြီး သူ့လက်တွေနဲ့ကိုယ်တိုင်မြှုပ်နှံခွင့်ရခဲ့တယ်လို့ခံစားမိခဲ့တယ်တဲ့၊ ဒီလိုကံကြမ္မာမျိုးက နှစ်သိမ့်စရာမဖြစ်ပေမဲ့ အနည်းဆုံးတော့အဆုံးသတ်မှာ သူနဲ့လီရှုကအတူတကွမြှုပ်နှံခံခဲ့ရတာကြောင့် သူတို့နှလုံးသားတွေကကောင်းကောင်းအနားယူနိုင်မယ်လေ"—
“ရှန်ကျင်းထျန်က သူ့ကာရိုက်တာတွေအပေါ်သူ့အမြင်တွေကိုဖော်ပြတာရှားတယ်၊ အခုသူကဇာတ်ညွှန်းရေးဆရာတွေအတွက်ပြောပေးနေတာ"
“ဘယ်လိုပြောရမလဲဆိုတော့.......အဆုံးသတ်ကဝမ်းနည်းစရာကောင်းပေမဲ့လည်း လီရှုမသေခင် သူနဲ့မင်းသားသာအချင်းချင်းမှတ်မိသွားကြရင် ထူးခြားစိတ်ထိရှဖွယ်ကောင်းမယ်ဆိုပေမဲ့လည်း အဲ့ဒါကြီးကအရမ်းဖန်တရာတေနေတဲ့ဇာတ်ကွက်ကြီးဖြစ်သွားလိမ့်မယ်၊ မင်းသားရဲ့တုန့်ပြန်မှုတွေကိုရေးသားဖို့မလွယ်ကူခဲ့ဘူး၊ ဒါပေမဲ့လက်ရှိအဆုံးသတ်ကကြမ်းကြုတ်ပြီးအရမ်းခွေးသွေးဆန်လွန်းတယ်၊ လီရှုသာမသေခင် မင်းသားနဲ့မတွေ့ခဲ့ဘူးဆိုရင် သူ့သေခြင်းကပိုပြီးငြိမ်းချမ်းလိမ့်မယ်၊ သူ့ဘဝကခမ်းနားကြီးကျယ်ခဲ့တယ်၊ သူကအရှေ့နန်းတော်ရဲ့အချစ်ခံရပြီး အင်ပါယာမင်းကြီးရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး ကမ္ဘာကြီးရဲ့အာဏာကိုသူ့လက်ထဲဆုပ်ကိုင်ထားခဲ့တယ်၊ အဖြူအမဲမသဲကွဲတဲ့လူတွေရဲ့သေခြင်းရှင်ခြင်းက ဝမ်းနည်းစရာကောင်းသင့်တယ်၊ ဒီဟာထက်ပိုပြီးသမားရိုးကျမဆန်တဲ့အဆုံးသတ်ကိုမစဥ်းစားနိုင်တော့ဘူး၊ မန်ရှောင်ရှန်းက အရမ်းအားကောင်းတာဘဲ၊ သူမကတကယ်ရှန်ကျင်းထျန်ကိုချစ်တာမဟုတ်လား?လီရှုသေသွားပြီးတော့ ရှန်ကျင်းထျန်က အောင်မြင်လာတယ်လေ"
![](https://img.wattpad.com/cover/295689959-288-k883811.jpg)
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Humorကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...