Author: 公子于歌 / Gong Zi Yu Ge
Chapter 101: ဘာအန္တာရာယ်မှမရှိပါဘူး၊ ချစ်သူမောင်နှံ၂ယောက်
ရန်ချွီးချီက ရှက်သွေးဖြာသွားပြီးphချလိုက်မိတယ်။ သူကလိမ်ပြောတာမဟုတ်ခဲ့ဘူး။ အခုလေးတင် ရှန်ကျင်းထျန်ကိုတကယ်အိပ်မက်မက်ခဲ့တာဖြစ်တယ်။ အဲ့ဒါက လိမ်လည်လှည့်ဖျားတာမဟုတ်ဘူး။ သူအတော်လေးစိတ်အလိုလိုက်ပြီး စိတ်ထဲရှိတဲ့ဟာကိုပြောခဲ့တာဖြစ်တယ်။ ချစ်မိတာက လူတွေကိုအားနည်းချက်ဖြစ်ပေါ်စေတယ်လို့သူခံစားခဲ့ရတယ်။
သူကအရမ်းမတူတော့တဲ့သူဖြစ်လာတယ်။ ချစ်မိခြင်းဖြစ်စဥ်မှာ ရန်ချွီးချီက အရင်ကသူမသိခဲ့တဲ့အရာတွေအများကြီးကိုရှာဖွေတွေ့ရှိခဲ့တယ်။
ဥပမာအားဖြင့် အမျိုးသမီးတွေနဲ့ကလေးတွေမှာဘဲရှိတတ်တဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ ဒီလိုကလူ၏သို့မြှူ၏သို့လုပ်တာတွေ၊ ကလေးဆန်မှု၊ အားနည်းမှုနဲ့ မှီခိုချင်တဲ့ခံစားချက်တွေဖြစ်တယ်။ သူ့မိဘတွေနဲ့တောင်သူကဘယ်တုန်းကမှအလိုလိုက်ခံထားသလိုမပြုမူခဲ့ဘူး။ သူကကလေးဘဝထဲက ကလူ၏သို့ မြှူ၏သို့မလုပ်ခဲ့ဘူး။ ငယ်ရွယ်ပေမဲ့လည်း သူကရင့်ကျက်ပြီး အမှီအခိုကင်းကာအမြဲကိုယ့်ကိုကိုယ်ထိန်းသိမ်းထားတယ်။ သို့သော်လည ရှန်ကျင်းထျန်ကိုသဘောကျပြီးသွားတော့ လူတွေကအခြားလူတွေနဲ့ခြားနားတာမရှိဘူးလို့တွေ့ရှိလိုက်ရတယ်။ အထူးသဖြင့် ယောကျ်ားတွေကသူတို့နှစ်သက်တဲ့လူဆီကနေattentionရဖို့ ကလေးဆိုးတွေလိုပြုမူချင်ကြတယ်။
ဒါပေါ့ အဲ့ဒီလိုဘက်ခြမ်းကို ချစ်သူတစ်ယောက်ရဲ့ရှေ့မှာဘဲထုတ်ပြလိမ့်မယ်။ ဒီလိုအသေးစိတ်အချက်လေးတွေက ချစ်မိသွားပြီးတော့မှပေါ်လာလိမ့်မယ်။ အဲ့ဒီအရာတွေက အရမ်းဆန်းသစ်ပြီးရှက်စရာကောင်းပေမဲ့လည်း ရန်ချွီးချီကိုစိတ်လှုပ်ရှားစေပြီး သူကအဲ့ဒီအရသာကိုစွဲလမ်းနေခဲ့တယ်။
"ဒါက ရန်ချွီးချီရဲ့ကိုယ်ပိုင်ph no"
ရှန်ကျင်းထျန်က ရှောင်ထန်ကိုပြောလိုက်တယ်။
"အခုကစပြီး မင်းငါ့ကိုယ်စားသူ့ကိုကိုင်တွယ်ရလိမ့်မယ်"
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Humorကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...