Author: 公子于歌 / Gong Zi Yu Ge
Chapter 66: မင်းကငါ့ကိုလိုက်တယ်၊ ငါကသူ့ကိုလိုက်တယ်။
DGLLရဲ့တရားဝင်blogကမနေ့ည၉နာရီမှာ ပိုင်ချင်းကွမ်ရဲ့ထွက်ခွာမှုကိုကြေညာခဲ့တယ်။ Moonlight powderတစ်စုက* rainbow fartတွေမှုတ်ထုတ်ဖို့အပြေးအလွှားရောက်လာကြတယ်။
(*အမွှန်းတင်တာကိုဆိုလိုတာပါ)"ကောကောရဲ့အလှကပြိုင်စံရှားဘဲ!"
"အင်ပါယာအရှင်မင်းကြီးကိုဂုဏ်ပြုပါတယ်!"
"Goodbye ကျိုးကျင်း၊ ချောင်ရန်ကိုစောင့်နေပါပြီ!"
ချောင်ရန်က ပိုင်ချင်းကွမ်နောက်ထပ်ရိုက်ကူးမဲ့ချိုမြိန်တဲ့အိုင်ဒေါလ်ဒရာမာထဲက နာမည်ဖြစ်တယ်။ မကြာခင်မှာဘဲ ဖြတ်သွားဖြတ်လာတစ်ယောက်က ပိုင်ချင်းကွမ်ရဲ့နှုတ်ဆက်ဓာတ်ပုံတွေထဲမှာ ရင်းနီးနေတဲ့မျက်နှာတစ်ခုပေါ်လာတာကိုသတိထားမိသွားတယ်။ ကျန့်စီချီရဲ့ပရိတ်သတ်တွေက အဲ့ဒါကအပင်ပန်းခံရှာဖွေထားရတဲ့ မင်းသားကျိုးရင်းနေရာကသရုပ်ဆောင်တဲ့ ကျန့်စီချီဖြစ်နေတယ်။
"အိုး မိုင် ဂေါ့ဒ် တကယ်ကြီးကျန့်စီချီလား?"
"အပြင်ဘက်ကမ္ဘာက မင်းသားကျိုးရင်းကမသေသေးဘဲ အဆုံးသတ်ကပြောင်းသွားပြီလို့ကောလဟာလထွက်နေတာ၊ အမှန်ထင်တယ်!"
"ဒီနေ့က ကျင်းထျန်ချုံးရင်းကောင်မလေးတွေလည်း မျက်ရည်ကျရတဲ့နေ့ဘဲ!HEကို နှိမ့်ချစွာတောင်းဆိုပါတယ်!"
"လီရှုကတကယ်သနားစရာကောင်းတယ်လို့ငါထင်တယ်၊ ဇာတ်ညွှန်းရေးဆရာတွေရဲ့အသိစိတ်မနာကျင်ဘူးလား?!"
"ငါအဲ့ဒါကို တစ်လလောက်မကြည့်ခဲ့ရဘူး၊ အခုတလောငါနောက်ဆုံးထွက်အပိုင်းတွေလည်းမှီသွားရော အဲ့ဒါကငါ့ကိုသေလောက်အောင်ဒေါသထွက်စေခဲ့တာ၊ စောက်ကျိုးနည်း ဟဲလန်ဘီဆိုတဲ့အဲ့ဒီခွေးမက ဘာလုပ်ချင်နေတာလဲ!ဘာလို့သူမက ငါတို့ကိုအနိုင်ကျင့်ရတာလဲ!လီရှုက အရမ်းသနားစရာကောင်းတာဘဲ!"
ရန်လီဇီက ဒီဒရာမာမှာပါဝင်ဖို့လုပ်ခဲ့တာက ဥာဏ်မရှိဆုံးဆုံးဖြတ်ချက်လို့ခံစားနေရတယ်။ သူရဲကောင်းမအနေနဲ့ သူမဇာတ်ကောင်က ဖြောင့်မတ်မှန်ကန်နေသင့်တယ်။ အဆုံးသတ်နားနီလေ သူမရဲ့ပြန်တိုက်ခိုက်တဲ့အခိုက်အတန့်တွေကတောက်ပလာသင့်ပေမဲ့ အဲ့ဒီအစားပရိတ်သတ်တွေကသူမကိုဆဲဆိုနေကြတယ်။
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Humorကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...