Author: 公子于歌 / Gong Zi Yu Ge
Chapter 70: ပြင်ဆင်ခြင်း
ကျန့်စီချီက လာခဲ့ပေမဲ့ ရှန်ကျင်းထျန်ကအဲ့ဒီအကြောင်းမသိခဲ့တာကြောင့် သူကျန့်စီချီကိုမြင်လိုက်ရတော့ မှင်သက်မိသွားတယ်။
ရှန်ကျင်းထျန် : "မင်းဘာလို့ဒီရောက်နေတာလဲ?ရိုက်ကွင်းကိုအလည်လာတာလား?"
"ငါသရုပ်ဆောင်ဖို့လာခဲ့တာလေ"
ကျန့်စီချီက ပြုံးရင်းပြောလိုက်တယ်။"ချီးး!"
ရှန်ကျင်းထျန်က ချက်ချင်းထခုန်လိုက်မိတယ်။မိတ်ကပ်ဆရာက အလောတကြီးထွက်သွားလိုက်တယ်။ သူကလည်းအံ့အားသင့်သွားမိတယ်။
"မင်းသားမှာအပိုင်းတစ်ပိုင်းကျန်သေးတယ်!အိုး မိုင် ဂေါ့!အိုး မိုင် ဂေါ့!""ငါသိသားဘဲ!"
ရှန်ကျင်းထျန်က ပြောလိုက်တယ် ။
"မနေ့ကဒါရိုက်တာကကြီးမားတဲ့တစ်ခုခုကိုစီစဥ်ထားသလိုမျိုးထူးထူးဆန်းဆန်းပြုမူနေတာလေ"အဝတ်လဲခန်းတစ်ခုလုံးက အပျော်လွန်နေကြတယ်။ လီရှုနဲ့မင်းသားရဲ့ကံကြမ္မာက ကြည့်ရှုသူတွေနဲ့သန်းပေါင်းများစွာသောနှလုံးသားတွေကိုတကယ်ထိရှစေခဲ့တယ်။ သူတို့အားလုံးက မင်းသားကတကယ်မသေလောက်ဘူးလို့ခန့်မှန်းထားကြတယ်။ အဆုံးမှာတော့ ဇာတ်ညွှန်းရေးဆရာမမန်ရှောင်ရှန်းက ကရုဏာတရားရှိခဲ့တယ်။
ရှန်ကျင်းထျန်က လီရှုအဖြစ်အချိန်အကြာကြီးသရုပ်ဆောင်ခဲ့ရတာကြောင့် သူကဒရာမာထဲအရမ်းနစ်ဝင်နေခဲ့တယ်။ အနုပညာရှုထောင့်တစ်ခုကနေအဲ့ဒါကHEလားBEလားဆိုတာကြည့်နိုင်ဖို့မဖြစ်နိုင်တော့ဘူး။ သူကလီရှုအတွက်မျှော်လင့်ချက်တွေ့လိုက်ရသလိုမျိုးဘဲခံစားခဲ့ရတယ်။
သို့သော်လည်း ဒီနေ့သူရိုက်ကူးခဲ့တဲ့sceneကိုကြည့်ပြီးတော့ အဆုံးသတ်ကကိုဘယ်လိုပြောင်းပြန်လုပ်ပစ်မလဲဆိုတာသူမသိတော့ဘူး။ လီရှုကရူးချင်ယောင်ဆောင်ပြီး သူ့နှလုံးသားတစ်ခုလုံးနဲ့သေခြင်းတရားကိုတောင်းဆိုနေရင်း ညလယ်ကြီးမှာကျယ်လောင်စွာသီချင်းဆိုပြီး သူ့ကိုထောင်ထဲပို့ခဲ့တဲ့ဟဲလန်ဘီရဲ့ဒေါသကိုဆွနေခဲ့တယ်။
YOU ARE READING
မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )
Humorကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖို့ နည်းလမ်းကိုရှာတွေ့သွားပြီ ရှန်ကျင်းထျန်ဟာ သူဖတ်နေတဲ့စာအုပ်ထဲကိုကူးပြောင်းသွားဖို့ ကူညီပေးတဲ့syst...