Chapter 89

3.5K 578 24
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 89: သူ့ကိုရနိုင်ဖို့

"ကျွန်တော်တို့ခင်ဗျားအတွက် မနက်စာအချို့ချန်ထားတယ်"
ရှန်ကျင်းထျန်က အပေါ်ထပ်ကိုတက်လာပြီးရန်ချွီးချီကိုပြောလိုက်တယ်။
"ဘန်းမုန့်တွေရယ်၊ ဆန်ပြုတ်နဲ့ ပဲနို့ရယ်ရှိတယ်"

"ငါ စားချင်စိတ်မရှိသေးဘူး"
ရန်ချွီးချီကပြောလိုက်တယ်။
"မင်းမနေ့ကပင်ပန်းခဲ့ရပြီ"

"တကယ်တော့ ကျွန်တော်အများကြီးမကူညီခဲ့ရပါဘူး"
ရှန်ကျင်းထျန်က ပြောလိုက်တယ်။
"အန်တီဖန်းက ခင်ဗျားကိုစိတ်ပူနေလို့ အနာဂတ်မှာ လျှော့သောက်နော်"

"ငါအခုလေးတင်သူ့ကိုအဲ့ဒီအကြောင်းပြောနေတာ၊ အပြင်မှာမင်းဘာသာအရက်တွေအများကြီးသောက်ရလောက်အောင် ဘာတွေလုပ်နေတာလဲ?"
မဒမ်ရန်ကပြောလိုက်တယ်။

သူမက အခွင့်အရေးရတုန်း ရန်ချွီးချီကိုမနေ့ညကအခြေအနေကိုမေးခဲ့ပေမဲ့ ဘာမှမဖြစ်ခဲ့ဘူးလို့သူပြောလာမှာကိုတော့မထင်ထားခဲ့ဘူး။

အဲ့လိုအခွင့်အရေးကောင်းတစ်ခုကိုဖြုန်းတီးပစ်ခဲ့တာဘဲ။ သို့သော်လည်း သူမက ရန်ချွီးချီရဲ့စကားတွေကိုမယုံကြည်ဘူး။ သူမသားရဲ့စရိုက်အရ တစ်ခုခုဖြစ်ခဲ့ရင်တောင် သူကပြောမှာမဟုတ်ဘူး။ ဒီလိုကိစ္စတွေမှာ ရန်ချွီးချီကတော်တော်ရှေးရိုးဆနပြီး သူတို့ရဲ့အမေနဲ့သားဆက်ဆံရေးက အရာအားလုံးကိုပြောနိုင်လောက်တဲ့အခြေအနေအထိမရောက်သေးဘူး။

ရှန်ကျင်းထျန်က သူ့စောင်ကိုယူဖို့ ရန်ချွီးချီရဲ့အခန်းဆီသွားခဲ့တယ်။ စောင်ကသေသပ်စွာခေါက်ထားပြီး ရန်ချွီးချီရဲ့အိပ်ယာကသန့်ရှင်းသပ်ရပ်နေတာကိုမြင်လိုက်ရတယ်။

ရန်ချွီးချီက သူ့နောက်ကလိုက်လာပြီးမေးလိုက်တယ်။
"မင်းက ဟိုတယ်ကစောင်ကိုမသုံးဘူးလား?"

ရှန်ကျင်းထျန်: "မသုံးဘူး၊ ပိုပြီးသက်သောင့်သက်သာအိပ်ပျော်ဖို့ ကိုယ့်ဘာသာတစ်ထည်ယူလာတာလေ"

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now