အပိုင်း(၁)

21.7K 787 10
                                    

ကြီးကျယ် ခမ်းနားမနေသော်လည်း မြင်လိုက်ရသည်နှင့် အေးချမ်းဖွယ်ရှိသော အပြာနုရောင် နှစ်ထပ်တိုက်ခြံဝန်းလေးရှေ့တွင် taxiကား အဖြူဖျော့ဖျော့ရောင်တစ်စီး ထိုးရပ်လိုက်သည်။

"လူငယ်...ဟိတ်...လူငယ်လေး "

လူငယ်တွေများ ကောင်းလိုက်တာ
ကားမောင်းချိန် ခဏလေးအတွင်းမှာတောင် ဘယ်လိုအိပ်ပျော်အောင် အိပ်နိုင်ကြတာပါလိမ့်။

အသားညိုညို အရပ်ပုပုနှင့် taxiသမားဦးလေးသည် ကားနောက်ခန်းတွင် အိပ်ပျော်နေသော ဖြူနုနုကောင်လေး၏ ပုခုံးကို အသာပုတ်ကာ နိုးလိုက်တော့ တအင်း အင်းနှင့် အိပ်မောကျနေရာမှ နိုးလာပုံပေါ်သည်။

အမုဏ်းသည် သူ၏ အရောင်လက်နေသော နီရဲရဲမျက်ဝန်းအစုံကို လက်ဖြင့်ပွတ်သပ်ရင်း

"တောင်းပန်ပါတယ်ဗျာ ကျွန်တော် အိပ်ပျော်သွားလို့"

"ရပါတယ် ဒီအရွယ်က အိပ်လို့ကောင်း စားလို့ကောင်းနဲ့ ဘာလုပ်လုပ်တတ်ကြွနေတတ်တဲ့ အရွယ်ပဲ "

taxiသမားဦးလေးကြီးက သဘောကောင်းပုံပေါ်ကာ စကားပြောတာလည်း ချိုသာသေး၏။

"ဟီး ဟုတ်ကဲ့ ဒါနဲ့ ကားခ ဘယ်လောက်ကျလဲဗျ"

"၄၅၀၀ပဲပေး ငါ့တူရေ "

အမုဏ်းသည် အင်္ကျီအိတ်ကပ်ထဲရှိ ပိုက်ဆံတွေထဲမှ ၅၀၀၀တန်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။

ထို့နောက် ကားနောက်ခန်းတွင်ရှိသော luaggeအိတ်နှစ်လုံးကို ချရန်ကားပေါ်ကဆင်းသွားလိုက်သည်။

"အကြွေမရှိရင်ထားလိုက် ဦးလေး"

အင်္ကျီအိတ်ကပ်ထဲက ပိုက်ဆံအကြွေကို အသည်းအသန်ရှာနေသော ဦးလေးကြီးကို အမုဏ်းက အထုတ်တွေချရင်း လှမ်းပြောလိုက်သည်။

"အေးငါ့တူရယ် အကြွေမရှိဘူး ဖြစ်နေတယ် "

အမုဏ်းက ပြုံးပြရင်း ခေါင်းညိတ်ကာ ရပါတယ် ဆိုသော အမူအရာနှင့်။

"ငါ့တူ နေ ဦးလေးလာသယ်ပေးမယ် "

"ရပါတယ်ဗျ ကျွန်တော့်ဘာသာပဲ သယ်လိုက်တော့မယ်"

အိမ်က ခပ်သေးသေးဆိုသောငှားလည်း ခြံဝန်းကတော့ အတော်လေးကို ကျယ်ဝန်းလှသည်။

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now