အခန်းရှေ့တွင် ချိတ်ဆွဲထားသော boardမှာ နာမည်ကိုဖတ်ကြည့်ရင်း အမုဏ်းလက်တွေတောင် အေးစက်နေလားမှတ်ရသည်။
တကယ်ဆို အမုဏ်းက ဘာအပြစ်မှ လုပ်ထားတဲ့သူမှ မဟုတ်တာ။တံခါးဖွင့်သံနဲ့အတူ ဖိုင်ကိုရင်ဘတ်ထဲတွင် ပိုက်ရက်သားနှင့်။ သူ့ကိုဘာမှတောင် မလုပ်ရသေးဘဲ လူကိုကြောက်သလိုလို လန့်သလိုလို မဝံ့မရဲလုပ်နေတာကြောင့် တမင်တကာပင် မာန်က လက်ပိုက်ရပ်သားနှင့် စိုက်ကြည့်နေလိုက်၏။
မာန်မှတ်မိသလောက်ဆို ဟိုတစ်ခေါက်ကတွေ့တုန်းက ဒီကောင်က ခင်ဗျား ခင်ဗျားနဲ့ စွာစွာတတ်သူက အမုဏ်း မဟုတ်ကြောင်း ရှင်းပြခဲ့တာ မဟုတ်လား။
ခုမှ လူကိုကြောက်သလိုလို လာလုပ်နေတာ။"ဟို...ဥက္ကဋ္ဌက ခေါ်ခိုင်းတယ်ဆိုလို့ "
မာန်ဘာမှ မဖြေမိ ဒီတိုင်းစိုက်ကြည့်နေဆဲ ၊ သူကိုယ်တိုင်လည်း မသိ အံ့အမုဏ်းချေကို ဘာပြောဖို့ ခေါ်ခိုင်းမိတာလဲဆိုတာ အကြောင်းပြချက်ကလည်း မာန့်ဆီမှာ ရေရေရာရာရှိမနေခဲ့။
မာန်က ထိုင်နေရာမှ အမုဏ်းရှိရာနားသို့ ဖြေးဖြေးချင်းလျှောက်လာမိ၏။
ထို့နောက် အမုဏ်းရှေ့တည့်တည့်တွင် ရပ်ကာ
"ဘာလာလုပ်တာလဲ"
"ဟမ်"
"အလုပ်ကိစ္စကို မေးနေတာလေ မင်းဘာလုပ်ဖို့လာတာလဲ"
"အာ..ဦးက ပြီးခဲ့တဲ့အပတ်က စာရင်းတွေကို ပြန်စစ်ပြီး စာရင်းချုပ်ချင်လို့တဲ့ အဲ့ဒါ ဖိုင်တွဲပေးခိုင်းလိုက်တာ"
"ဦး!!"
အမုဏ်းက ခေါင်းကို တစ်ဆက်ဆက်ညိမ့်ကာ မာန့်ကိုကြည့်သည်။
မျက်ခုံးထူထူနှစ်ဖက်သည် လိုအပ်သည်ထက်ပို၍ တွန့်ချိုးနေကာ အမုဏ်းကိုလည်း စိုက်ကြည့်နေတာ စူးစူးဝါးဝါး။
မေးရိုးထင်းထင်းတွေက အံကြိတ်ထားသလားတောင် ထင်ရလောက်အောင် တင်းခံနေ၏။
အဲ့လ်ိုခေါ်တာကို မကြိုက်လို့များလား...."ဟို...ဥက္ကဌက အဲ့လိုခေါ်ဆိုလို့ "
မာန့်က ဟက်ခနဲ့ ရယ်ချလိုက်ရင်း
အမုဏ်းနားကို ပိုတိုး၍ကြည့်၏။
အနက်ရောင်ဆံပင် အိထွေးထွေးကို အပေါ်ကိုလှန်တင်ထားပုံက မသေသပ်ပေမယ့် ကြည့်ကောင်းနေ၏။
နှဖူးပြင်ဖွေးဖွေးတွင် ကျနေသော ဆံပင်မွှေးညှင်းနုနု
တွေ ၊ နှာတံသွယ်သွယ်နှင့် မျက်လုံးဝိုင်းဝိုင်းတွေ
နှုတ်ခမ်းက ပန်းရောင်ဘက်ကိုသန်းကာ ခပ်ပြည့်ပြည့်ဖောင်းဖောင်း ။
YOU ARE READING
A MONNE / အမုဏ်း(COMPLETED)
Romanceမာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။