"လွှတ်တော့ ကျွန်တော့်လက်နာနေပြီ"မာန်က သူ့အားနဲ့ဆုပ်ကိုင်ထားမိသော အမုဏ်းလက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်တော့ ဖြူနေသည့်လက်တွင် အနီရောင်အစင်းကြောင်းတောင် ထင်သွား၏
"နာသွားလား"
"နည်းနည်း"
"ဆောရီး ကိုယ်ဒေါသ မထိန်းနိုင်ဖြစ်သွားတယ်"
"အွန်း"
"ကိုယ့်ကိုကြည့်အုံး"
မာန့်က အမုဏ်းပုခုံးကို မျက်နှာချင်းဆိုင်ဆွဲယူရင်း နှုတ်ခမ်းရဲရဲကို ခပ်ပြင်းပြင်း ဆွဲယူနမ်းရှိုက်ကာ အောက်နှုတ်သားကို သွားနဲ့မရိပ်မလွန် ကိုက်ချလိုက်တော့ အမုဏ်းဆီမှ ညည်းညူသံထွက်လာသည်
"ကိုယ်မင်းကို ဒီလိုနည်းနဲ့ကလွဲရင် တခြားပုံစံနဲ့အသားနာအောင်မလုပ်ရက်ဘူးဆိုတာ သိတယ်မလား"
"..."
"ကိုယ့်ကိုချော့"
"အမ်"
"ချော့လေ ကိုယ်စိတ်ဆိုးနေတယ်"
"အခုကျွန်တော်လည်း စိတ်ဆိုးနေတယ်လေ"
"ကိုယ့်ကိုအရင်ချော့လေ ကိုယ်စိတ်ဆိုးပြေမှ မင်းကိုချော့လို့ရမှာပေါ့"
အမုဏ်းမှာ နာကျင်သွားသော အောက်နှုတ်ခမ်းကိုသာ ခပ်ဖွဖွထပ်ကိုက်မိလိုက်တော့သည်
တော်တော်လည်တဲ့လူပဲ သူပဲအရင်ဒေါသထွက်တယ် သူပဲအရင်ပြဿနာရှာတယ် သူပဲအရင်ချော့ခိုင်းတယ်
မချော့ဘူးလို့ ဆုံးဖြတ်လိုက်ပေမယ့် ဆံပင်တွေထဲလက်ထိုးဖွပြီး တစ်ဖက်ကိုညူညူစူစူနဲ့ ခါးထောက်ရပ်နေသော သူကို မြင်တော့မချော့ပဲလည်း မနေနိုင်ပြန်"ကိုကို"
အွန်း
"ကိုကိုလို့...ဒီဘက်ကိုလှည့်လေ"
"..."
"နောက်တစ်ခါ ခင်ဗျားလို့ မခေါ်တော့ပါဘူး"
"အွန်း"
"ကိုကိုလည်းကျွန်တော့်ကို နာမည်ခေါ်ပြီးမအော်နဲ့ "
အမုဏ်းက ကိုကို့နားတိုးသွားတာ မာကျောနေသော ရင်အုပ်မာမာထဲ ခေါင်းတိုးဝင်ကာ ကြောင်လေးတစ်ကောင်လို ပွတ်သပ်နေလိုက်သည်
YOU ARE READING
A MONNE / အမုဏ်း(COMPLETED)
Romanceမာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။