အပိုင်း(၄)

10.5K 529 15
                                    


မာန်သည် ရေကန်ဘောင်ပေါ်ထိုင်ကာ ခြေထောက်ကို ရေထဲတွင် စိမ်ထားတာ အချိန်ဘယ်လောက်တောင် ကြာသွားပြီလဲတောင် မသိတော့။

ရိုးရိုးတန်းတန်း သာမာန်ဘွဲ့တစ်ခုလေးရထားတဲ့သူက ဒီလိုcompanyရဲ့ အတွင်းရေးမှူးဖြစ်လာတာ အင်မတန်မှ လွယ်ကူလွန်းနေသည်ဟု မာန်ထင်သည်။

အံ့အမုဏ်းချေ၏ ကိုယ်ရေးကိုယ်ထာ မှတ်တမ်းအရဆိုလျှင် အလုပ်အကိုင်မှာလည်း ဘာမှထဲထဲဝင်ဝင်ကျွမ်းကျင်ထားတာမျိုးလဲမရှိသလို လုပ်ငန်းအတွေ့အကြုံလည်း ရှိပုံမပေါ်။

အသက်ကလည်း ၂၂နှစ်၊ နို့နံ့မစင်သေးတဲ့ ရုပ်နဲ့။

မာန်သည် သေချာမမှတ်မိတော့သော အံ့အမုဏ်းချေ၏ မျက်နှာကို​​တွေးရင်း စုတ်တစ်ချက်သပ်လိုက်မိသည်။

မဟုတ်မှ အဖေကလ်ိုင်းပြောင်းသွားတာလား ၊ မဖြစ်နိုင်တာ။

"ကျစ်! အာရုံပဲ"

မာန်က ရေကန်နားကနေ ထကာ ဘေးတွင် ရပ်စောင့်နေသော ဝန်ထမ်းမိန်းကလေး၏ လက်ထဲမှ သဘက်တစ်ထည်ကို လှမ်းယူရင်း ခါးတွင် ပတ်ကာ VIP roomဘက်သွားရာ မိန်းလမ်းအတိုင်း ဝင်လာခဲ့တော့သည်။

ခဏနေ၁၀နာရီထိုးရင် barက အပြင်လူလက်မခံတော့ပေ၊ တနည်းအားဖြင့် barမှာ အိပ်တဲ့သူနှင့်VIPဧည့်သည့်ကလွဲရရင် လွဲရင် နောက်ထပ်လူလဲ လက်မခံတော့ပေ။

မာန်အိမ်ကိုပြန်ရောက်တော့ အိမ်ရှေ့မှာ ရပ်စောင့်နေသော ဦးစိုင်းကမ္ဘာထွန်းနှင့် ဆုံ၏။
ဖအေ ကိုမြင်သည်နှင့် အလိုလိုသုန်မှုန်သွားတတ်သော မာန်၏မျက်နှာထားမှာ ဘယ်လိုမှဖုံးဖိလို့မရတော့။

ဘာလို့ရပ်စောင့်နေပြန်တာလဲ ၊ ပုံမှန်အတိုင်းမနေဘဲ ခုမှ ထူးထူးဆန်းဆန်းတွေလုပ်နေသော အကြောင်းပြချက်က ဘာလဲ၊
မာန့်ခေါင်းထဲတွင် မေးခွန်းတွေ အပြည့်နှင့်။

မာန်ထင်တဲ့အတိုင်းဆို အဖေက ဘာမှအလုပ်ကိစ္စပြောဖို့မဟုတ်၊ ဒီတိုင်းသူအိမ်ပြန်လာတာကို စောင့်နေတာမျိုး။
ဦးစိုင်းကမ္ဘာထွန်းက ဒီလိုတွေလုပ်လေ မာန်ကမ္ဘာမြေဆိုတဲ့ကောင်က ပိုပြီးသံသယဝင်လေပဲ။

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now