အပိုင်း(၇)

9.4K 495 0
                                    

အရိုင်းဆန်သော ထိုနှုတ်ခမ်းလွှာအား
ခေတ္တထိတွေ့လိုက်ချိန်တွင်
ကျွန်တော် တတင်္ဂရူးသွပ်ခဲ့လေသလား.....။

မိုးရွာသံ သဲ့သဲ့ကို ကြားနေရသော်လည်း ထိုမိုးသံကို အာရုံမစိုက်နိုင်....၊

မာန့်အခန်း အလုံခန်းတောင် ဒီလိုသဲ့သဲ့ကြားနေရရင် အပြင်မှာ ဘယ်လောက်တောင် မိုးသည်းနေလိုက်မလဲ...။

မှန်တံခါးအပြင်ဘက်တွင် တိုက်ခတ်နေသော လေအဟုန်ကြောင့် တစ်ဖျက်ဖျက် ဝေ့ယမ်းနေသော လိုက်ကာစများ....၊ အရှိုန်ပြင်းစွာ ယိမ်းထိုးနေသော အပင်များ....၊

ထိုမြင်ကွင်းကို မာန်က ဆိုဖာတွင် ခပ်လျောလျောအနေအထား ထိုင်ကာ မှေးကျဥ်းစွာ ကြည့်နေလိုက်သည်။
နက်ဆွေးဆွေး မျက်ဝန်းအစုံကို မှိတ်ချလိုက်သည်နှင့် မာန့်
အာရုံထဲတွင် ပေါ်လာသော နှစ်ခမ်းလွှာနုနု....။

ဘယ်လိုဦးတည်ချက်မျိုးမှ မရှိဘဲ...ဘာရည်ရွယ်ချက်မှ မရှိဘဲ... စိုးစဥ်းမျှ မတွေးမိဘဲ မာန်နမ်းလိုက်မိသော နှုတ်ခမ်းလွှာနုနု။

သူ့အရာကို ကိုင်ကာ လှုပ်ရှားနေသော မာန်၏လက်တွေ ပို၍ မြန်လာသည်....

မာန့် အာရုံထဲတွင် အံ့အမုဏ်းချေ၏ ဆက်ဆက်ထိမခံ ဒေါသထွက်နေပုံတွေ...စိတ်ဆိုးပြီး မျက်ရည်ဝေ့သီနေသော မျက်လုံးအိမ်ဝိုင်းဝိုင်းတွေ...တစ်ဆက်ဆက်တုန်ရီနေသော နှုတ်ခမ်းလွှာဖူးဖူးတွေ...၊

ထိုနှုတ်ခမ်းနုနုက သူ့အရာအား ငုံထွေးပြုစုနေပုံတွေ...ထိုမျက်လုံးတွေဝိုင်းဝိုင်းက သူလုပ်ရက်တွေ အောက်တွက် အသနားခံသော အကြည့်တွေနဲ့ ကြည့်နေပုံတွေ...
နောက်ဆုံး သူ့အရာအား ထိုကောင်လေးအထဲတွင် ပြီးမြောက်စေလိုက်၏။

"အားးးရှီးးးး"

ပြီးမြောက်သွားသော ဆန္ဒအားစိတ်ထဲတွင် ကိန်းအောင်းမထားနိုင်ဘဲ ထုတ်ငြီးလိုက်၏။

မာန် လူတစ်ယောက်ကိုမှန်းပြီး တစ်ခါမှ မပြီးမြောက်ခဲ့ဖူးပေ...ပထမဆုံး စိတ်ထဲက မှန်းပြီး ပြီးမြောက်နေခဲ့သူက  ယောကျာ်းလေးတစ်ယောက် ဖြစ်နေတယ်ဆိုတာ တွေးမိတော့ ရင်ခံချင်ချင်...။

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now