အပိုင်း(၂၂)

10.9K 536 93
                                    

အချိန်ကားလွန်ခဲ့သော နှစ်ပေါင်း၃၀ကျော်က ဖြစ်သည်။

မိုးလေးတဖွဲဖွဲကျနေသော လမ်းသွယ်တစ်ခုတွင် အသက်အရွယ်၁၉နှစ်လောက်ရှိသော မိန်းမပျိုလေးနှစ်ယောက်လမ်းလျှောက်လာသည်၊
ထိုမိန်းကလေးနှစ်ယောက်သည် အရပ်အမောင်းချင်းလည်းတူသလို အသက်လည်းတူ၏၊ ထိုထက်ရုပ်ချင်းပါချွတ်စွတ်တူသော အမွှာညီအမနှစ်ယောက်ဖြစ်သည်။

"ခဏစောင့်ပါအုံး မောလိုက်တာဟယ်"

"အယ် ခိုင်ထီးမပါဘူးလား"

"ဟင့်အင်း နင်တို့နှစ်ယောက်ကိုတွေ့လို့ထွက်လိုက်လာတာ"

အကြီးမဖြစ်သူ ခင်လင်းသူက ခိုင့်ကိုပါထီးမိုးပေးရင်း

"လာလေ သုံးယောက်အတူတူစောင်းရအောင်"

"ရတယ် ရတယ်ခိုင်နင်တို့ကိုပြောစရာရှိလို့သိလား"

တစ်ခုခုကိုကြွားလုံးထုတ်တော့မယ့်ပုံပေါ်တာကြောင့် အလင်းသူက သက်ပြင်းဖွဖွချရင်း

"ဘာအရေးကြီးကိစ္စမို့လို့ မိုးရေထဲတောင်ပြေးလာတာလဲ"

ခင်လင်းသူတို့ညီအမနဲ့ခိုင်ခိုင်ရီတို့သည် သူငယ်ချင်းများဖြစ်ကြသည်၊
နယ်ကနေကျောင်းလာတတ်ပြီး အဆောင်နေရသည့်ခိုင်ခိုင်ရီနှင့်ခင်လင်းသူသည် ရင်းနှီးကြသော်လည်း အလင်းသူကတော့ ခိုင်ခိုင်ရီ့ကိုကြည့်မရပေ။

"ခ်ိုင်နဲ့ ဟိုနေ့ကအဆောင်ကိုလာတဲ့အကိုကြီးနဲ့ ချစ်သူတွေဖြစ်နေကြပြီ"

"ဟင်"

ခင်လင်းဆီက အာမေဋိတ်သံထွက်လာပေမယ့် အလင်းသူကတော့ ဘာမှမဖြစ်ဟန်

"ဘယ်အရာမှမတည်မြဲဘူးနော် လက်လွှတ်လိုက်ရရင်လည်း ခံနိုင်ရည်ရှိအောင်ကြိုးစားလိုက်အုံး ပြောစရာကဒါပဲမလား"

အလင်းကခင်လင်းလက်ကိုဆွဲကာ ထွက်လာလိုက်သည်
ခပ်လှမ်းလှမ်းတစ်နေရာရောက်မှ အလင်းကမေးခွန်းထုတ်တော့သည်။

"ခင် နင်ကိုစိုင်းကိုသဘောကျတယ်မလား"

"ဟမ် ဘယ်ကသာ ခင်တို့လူချင်းတွေ့ဖူးတာဖြင့်ကြာသေးတာမှ မဟုတ်ဘဲ"

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now