ကိစ္စတစ်ခုခုကို မျှော်လင့်တကြီးစောင့်ဆိုင်းခဲ့ရသူပမာ အမုဏ်း၏စိတ်အစုံသည် တုန်လှုပ်နေရာမှ ချက်ခြင်းနွမ်းလျသွားခဲ့သည်
ရူးလိုက်တာ ဒီလူအမုဏ်းကိုဘယ်လိုရည်ရွယ်ချက်နဲ့ခေါ်လာမှန်းသိသိရက်နဲ့ ဘာတွေမျှော်လင့်နေမိပါလိမ့်
မိုးပြိုတော့မလိုကျလာမည့်မျက်ရည်တွေကို ပုတ်ခပ်ပုတ်ခပ်လုပ်ကာထိန်းထားရ၏
ဒီလူနဲ့ပတ်သတ်ရင်အမြဲတမ်းစိတ်ခံစားလွယ်တဲ့ကိုယ့်ကိုကိုယ်လည်း ဒေါသထွက်လှသည်"မုန်းလား"
"ဗျာ"
"ကမ္ဘာ့ပါးစပ်ကဒီလိုကြားရတော့ မုန်းလာလို့မေးတာ"
"ဟင့်အင်း"
ဒေါ်အလင်းသည် တုန့်ဆိုင်းခြင်းမရှိသော အမုဏ်၏အဖြေကြောင့် မျက်ခုံးတစ်ချက်တွန့်သွားသည်
"ဒါဆို မင်းအိမ်ပြန်မလား"
ဒီအမျိုးသမီးစကားကိုအမုဏ်းနားမလည် ၊အမုဏ်းကို ဘာလုပ်စေချင်လည်းမသိပါ
"ကျွန်တော့်ကိုကြည့်မရတာလား အမေ့ကိုကြည့်မရတာလားဟင်"
"မင်းအမေကိုကြည့်မရတာမဟုတ်ဘူး မုန်းတာ မင်းကိုတော့ ဘယ်လိုမှသဘောမရှိဘူး "
ဒေါ်အလင်းသူက စားပွဲပေါ်ကရေခွက်ကိုယူသောက်ရင်း အမုဏ်းကိုသေချာမော့ကြည့်လာ၏ ထို့နောက်သူမ၏မျက်ဝန်းအိမ်ဝိုင်းဝိုင်းသည် ဆွေးရိပ်သန်းလာသလိုလိုထင်ရသည်၊ ထို့နောက်ချက်ခြင်းပင်ခက်ထန်သော အသွင်ပြောင်းသွားပြန်သည်
"မင်းအမေကလေ တော်တော်အောက်တန်းကျတာ ငါ့ရည်းစားကိုလုသွားတာတင် အားမရသေးလို့ ငါ့အမယောကျာ်းကိုပါပြန်လာပတ်သတ်ခဲ့တာ သူ့ကြောင့်ကမ္ဘာ့အမေသေခဲ့ရပြီး ကမ္ဘာကအဲ့စိတ်နဲ့စိတ်ကျန်းမာရေးဆေးရုံမှာ ၂နှစ်နီးပါးနေခဲ့ရတာ...ထားလိုက်ပါလေ ဖြစ်ခဲ့သမျှကိစ္စတွေမှာ ငါ့အမှားလည်းမကင်းဘူး ကမ္ဘာကတော့အဲ့ကိစ္စကမင်းနဲ့ဘာမှမဆိုင်မှန်းသိပေမယ့် မင်းအမေကို နာကျည်းနေတုန်းပဲ"
ထိုသူကအမေ့ကြောင့် အဲ့လောက်တောင်စိတ်ထိခိုက်ခဲ့ရတာလား၊ သူခက်ထန်ပြီးမာကြောနေတာကရော အမေ့အပြစ်တွေပဲလား
အောက်နှုတ်ခမ်းကိုခပ်တင်းတင်းဖိက်ိုက်ထားသော အမုဏ်း၏မျက်ဝန်းအိမ်တွေသည် ဂဏာမငြိမ်လှုပ်ရှား၏၊
YOU ARE READING
A MONNE / အမုဏ်း(COMPLETED)
Romanceမာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။