အမုဏ်းသည် ဖန်စားပွဲပေါ်တွင် အသင့်ထည့်ထားသော ဝိုင်ခွက်ကို မော့သောက်လိုက်သည်
မျက်နှာတစ်ခုလုံးလည်းရဲကာ ချွေးများပင်ပြန်နေပြီ
အမုဏ်းမှာသာ ကမ္ဘာပျက်မတတ် ထိုလူကတော့ ဆိုဖာပေါ်ကိုမှီကာ အေးဆေးဝိုင်တောင် ထိုင်သောက်နေပြီ
တစ်ခါမှမရင်းနှီးဖူးသည့် ဝိုင်အရသာကြောင့် လည်ချောင်းတစ်လုံး ပူဆင်းသွားရသည် ကောင်းတာက ရှက်တဲ့စိတ်နည်းနည်း လျော့သွားသလိုပင်၊ အနည်းဆုံးဒီအခြေအနေမျိုးက ရုန်းထွက်ချင်နေပြီမို့ ဝင်သလောက် မော့သောက်ပစ်လိုက်တော့သည်။
.
.
မာန် သန့်စင်ခန်းခဏထသွားပြီး ပြန်လာတော့ အံ့အမုဏ်းချေမှာ ဆိုဖာပေါ်တွင် မျက်နှာအပ်နေလေပြီ
အစက စိတ်လိုက်မာန်ပါလုပ်မိပေမယ့် ဒီကောင်လေးအသံတုန်သွားတာသိတော့ မလုပ်ချင်တော့တာမို့ ကိုယ့်လက်သာကိုယ်သုံးပြီး အောက်ကကောင် ကိစ္စကိုဖြေရှင်းရသည်
ဝိုင်သောက်တော့လည်း သောက်ပစေဆိုပြီးကြည့်နေလိုက်တာ ဒီလိုမျိုးမှောက်သွားမယ် မထင်လို့လွှတ်ထား
ခြင်းသာ၊'ကျစ် အလုပ်တော့ရှုပ်ပြီ '
ဝန်ထမ်းတစ်ယောက်ယောက်ကို ခေါ်ပြီးပြန်ပို့ခိုင်းလိုက်လို့ရပေမယ့် မလုပ်ချင်တာကြောင့် သူပဲနှိုးလ်ိုက်တော့သည်
"အံ့အမုဏ်းချေ "
လက်မောင်းကိုအသာပုတ်နိုးတာ လှုပ်တောင်မလှုပ်
မာန်သည် အမုဏ်း၏နီဆွေးဆွေး မျက်နှာနားကိုတိုးကပ်ကာကြည့်မိတော့ ပိတ်ထားသည့် မျက်တောင်ရှည်ရှည်ကြားထဲက ရေငွေ့တစ်ချို့လိမ့်ဆင်းလာသည်
'ငိုနေတာလား'
"အံ့အမုဏ်းချေ အမုဏ်း"
"ဟင့် "
ရုတ်တရက် မျက်လုံးဖွင့်ကြည့်လာသူကို မာန်ငေးယူလိုက်ရသည်၊ ထူလျားသည့်မျက်တောင််တွေဝန်းရံထားသည့် မျက်လုံးအိမ်ဝိုင်းဝိုင်းက မျက်ရည်တွေဝေ့နေ၏ ၊ နှုတ်ခမ်းရဲလုံးလုံးသည် လိုတာထက်ပိုပြီး ရှေ့ကိုဆူထားတာ မူးနေတာမှန်းတော့ အသိသာကြီးပင်
နောက်ဆက်တွဲ ရှိုက်သံသဲ့သဲ့ကြောင့် မာန်သည်အမုဏ်း ပြုမှုလာမည့် အမူအယာကိုစောင့်ကြည့်နေမိသည်
YOU ARE READING
A MONNE / အမုဏ်း(COMPLETED)
Romanceမာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။