အပိုင်း(၁၂)

9.7K 473 28
                                    

"ဟယ်လို အမုဏ်းအိမ်ပြန်ရောက်ပြီလားခိုင်"

"ဟုတ်...စောစောကလှမ်းဖုန်းဆက်တယ်"

"ကိုယ်တောင်းပန်ပါတယ် မာန်ကအမြဲအဲ့လိုပဲ ပြဿနာကောင်"

"မဟုတ်တာ သားအိမ်ပြန်မလာလို့စိတ်ပူပြီး လှမ်းဆက်မိတာ အလုပ်မှာရှိတယ်ဆိုတော့ စိတ်အေးရပါပြီ"

"အွန်း ခိုင်​ ကိုယ်အလုပ်သွားတော့မလို့ ဒါပဲ"

ဦးစိုင်းကမ္ဘာထွန်း ဖုန်းချပြီးလိုက်သည်နှင့် သက်ပြင်းတစ်ခုလေးတွဲစွာချလိုက်မိသည်

အမြဲတမ်းသူများအပေါ် အနိုင်ယူချင်တဲ့သားကို သူဘယ်လိုမျိုးထိန်းကျောင်းရမည်နည်း
အသက်၃၀ကျော်မှ ရိုက်နှက်ဆုံးမလည်းမရ၊ ချော့ပြော
လည်း အသုံးမဝင်တော့ပေ
သူကိုယ်တိုင်က အမှားလုပ်ခဲ့မိသူ ၊ တစ်ဦးတည်းရှိသော သားကို စိတ်ဒဏ်ရာပေးခဲ့မိသူမို့ ခုချိန်မှရှင်းပြရင်လည်း အနာကိုဆားသိပ်ပေးသလိုဖြစ်တော့မည်
သို့သော် တစ်ဦးတည်းသောသားလေးမို့ အရာအားလုံးထက်ပိုချစ်ပါသည်
သားအတွက်ဆို အရာအားလုံးလုပ်ပေးဖို့ ဆန္ဒရှိပါ၏
အစစအရာရာ နွေးထွေးပေးချင် ဂရုစိုက်ပေးချင်ပေမယ့်
ခုချိန်တွင် နောက်ကျနေပြီ
သားကသူ့စိတ်ဒဏ်ရာနဲ့သူ နေသားကျကာ သူ့ကိုလုံးဝ ဥပက္ခာပြုခဲ့လေ၏

"အန်ကယ်"

ဦးစိုင်းကမ္ဘာထွန်းသည် ကြက်သွေးရောင်ကားပေါ်ကဆင်းလာသူ အမျိုးသမီးငယ်တစ်ဦးကို မျက်မှောင်ကျုံ့ကာကြည့်လိုက်မိသည်

အနက်ရောင် sweaterပေါင်လည်လောက်နှင့် ကျောလယ်လောက်ရှိသည့် ဆံပင်အဝါတွေကိုဖြန့်ချထား၏
ဒီအိမ်ကို မိန်းကလေး ဧည့်သည်အဝင်အထွက်မရှိတာ ဘယ်လောက်ကြာပြီလဲ
ခြံထဲကားရပ်ကာမှတော့ အိမ်ကိုလာသည်ပေါ့

"အန်ကယ် သမီးလေ Graceပါ"

"သြော် "

ဦးစိုင်းကမ္ဘာထွန်းသည် အခုမှမှတ်မိသွားပုံပေါ်ကာ အာမေဋိတ်သံပြုလိုက်မိ၏
Graceဆိုသည့် မိန်းကလေးသည် သူ၏တစ်ဦးတည်းသောသား မာန်ကမ္ဘာမြေရဲ့ရည်းစားဦးဖြစ်ခဲ့ဖူးသည်မဟုတ်လား
သို့သော် နိုင်ငံခြားရောက်သွားပြီးထဲက ဝတ်ပုံစားပုံကအစအတော်လေးပြောင်းသွားတာမို့ သူပင်မနည်းကြည့်ယူလိုက်ရသည်

A MONNE / အမုဏ်း(COMPLETED)Tempat cerita menjadi hidup. Temukan sekarang