အပိုင်း(၁၈)

8.6K 475 58
                                    


ကားပေါ်ရောက်တော့ မာန်က အမုဏ်းဘက်ကိုလှည့်ကြည့်လာကာ

"မင်းမှာ မိသားစုဘယ်နှယောက်ရှိလဲ"

"၃"

"မင်းတို့နှစ်ယောက်ကအမွှာဆိုတော့ မအေနဲ့အတူတူနေတာလား ဖအေနဲ့အတူတူနေတာလား"

မာန့်မေးခွန်းတွေက သန်းခေါင်စရင်းစစ်နေသလိုဖြစ်နေလားတော့မသိ အမုဏ်းကမာန့်ကိုပြုံးစိစိလေးကြည့်နေသည်။

"မေမေနဲ့ပါ bossရော သားအဖနှစ်ယောက်ပဲလား "

"အွန်း ခါးပတ် ပတ်အုံး"

"ဟုတ် ဒါနဲ့လေboss"

စကားတစ်ခွန်းပြောဖို့အ​ရေး တွန့်ဆုတ်တွန့်ဆုတ်လုပ်နေသော ကောင်လေးကို မာန်ကမျက်မှောက်ကြုတ်ကြည့်လိုက်တော့ ရှေ့တည့်တည့်ကို ပြန်လှည့်သွားပုံက ဘာမှမဟုတ်တော့ဘူးဆိုတဲ့ သဘော။

"ကိုယ့်ရှေ့မှာ အဲ့လိုတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာမကြိုက်ဘူး မင်းပုံစံအတိုင်းနေ"

မာန့်စကားကိုကြားတော့ ခွင့်ပြုချက်ရသွားသလိုခေါင်းလေးညိတ်ကာ

"မိန်းကလေးတွေကို နောက်အဲ့လ်ိုကြီးလက်မပါပါနဲ့လား"

"အွန်း ဘာဖြစ်လို့လဲ"

"သူတို့ကမိန်းကလေးလေ ကိုယ့်ရည်းစားဟောင်းက အဲ့လိုကြီးလုပ်တော့ စိတ်မကောင်းဖြစ်သွားမှာပေါ့ ပြီးတော့မိန်းကလေးတွေကိုလက်ပါတာ ယောကျာ်းကောင်းတွေရဲ့အလုပ်မဟုတ်ဘူး"

"ကိုယ်ကယောကျာ်းကောင်းမဟုတ်ဘူး နောက်ပြီး သူ့ရည်းစားဟောင်းက ကိုယ်လို့ဘယ်သူပြောလဲ"

"ဟို ဒီတိုင်းခန့်မှန်းမိတာပါ"

"ရည်းစားဟောင်းလဲ ဘာအရေးလဲ လက်ရှိမင်းလောက်ဘယ်သူမှအရေးမပါဘူးလေ"

အမုဏ်းမျက်လုံးတွေဝိုင်းစက်သွားသည် တစ်ဆက်တည်းတွေးမိသည်က အမုဏ်းကထိုလူအတွက် ဘယ်လိုဖြစ်တည်မှုမျိုးလဲ
ဒီမေးခွန်းကိုအမုဏ်းစိတ်ထဲက အကြိမ်ကြိမ်မေးခဲ့ဖူးသည် တော်သေးတာပေါ့ အနည်းဆုံးတော့ အမုဏ်းက ထိုသူ့အတွက် အနည်းငယ်လောက်လေးဖြစ်ဖြစ် အရေးပါတဲ့သူမို့။

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now