" ဘယ်လို "
အဖေက တုန်လှုပ်သွားပေမယ့် တီလင်းက စောစောကစကားသာထပ်ပြောသည်
"လူတစ်ယောက်တောင် သတ်သေးတာပဲ ဘာမှငဲ့နေစရာမလိုဘူး ဒါကခိုင်ခိုင်ရီ့အတွက်မဟုတ်ဘူး အံ့အမုဏ်းချေအတွက်ပဲ အနည်းဆုံးတော့ သူ့အမေသေဆုံးမှုအတွက် တရားမျှတမှုတော့ လိုအပ်မယ်ထင်လို့"
"ကျွန်တော့်တာဝန်ထားလိုက်ပါ ကျွန်တော်ကြည့်ရှင်းလိုက်မယ်"
"ဘာလုပ်မလို့လဲကမ္ဘာ သူ့ကိုရှာပြီးရဲလက်သာအပ်လိုက်"
"အဲ့လိုလုပ်လို့ဘာမှမထူးဘူးဆိုတာ တီလင်းသိတယ်မလား သူတို့စီးပွားရေးကျနေတယ်ဆိုရင်တောင် သူ့အဖေမှာနိုင်ငံခြားရင်နှီးမြုပ်နှံမှုတွေရှိသေးတယ် သူ့သားဆန်ကုန်မြေလေးကောင်ကို ထောင်ထဲထည့် မှာမဟုတ်ဘူး"
"အဲ့လိုဆိုတာနဲ့ မင်းလက်မှာသွေးစွန်းခံမလို့လား တန်ဖိုးမရှိတဲ့ကောင်အတွက်များ"
တီလင်းက ပစ်ပစ်နှစ်နှစ်ဝေဖန်လိုက်ပြီးနောက်
"သူတို့စီးပွားရေးကိစ္စကို ငါကြည့်ရှင်းလိုက်မယ် သူတို့လို ညစ်ပတ်တဲ့နည်းလမ်းနဲ့ ပိုက်ဆံရှာနေတဲ့သူတွေ ဒီလောကက ပျောက်သွားလည်းနားအေးတယ်"
မာန်က အမုဏ်းကိုတစ်ချက်လှမ်းကြည့်ကာ"ကျွန်တော်ခဏအပြင်သွားလိုက်အုံးမယ် တီလင်း အမုဏ်းကိုကြည့်ထားပေးပါအုံး စောစောကဆရာဝန် စိတ်ငြိမ်ဆေးထိုးပေးထားလို့ အိပ်ပျော်နေတယ်"
တီလင်းက ခေါင်းညိတ်ပြကာ အမုဏ်းအိပ်နေတဲ့ ဘေးက မာန်ထသွားသည့် ခုံတွင်ဝင်ထိုင်လိုက်၏
"သတိနဲ့မောင်း ကားကို...ဟိုကောင်ကိစ္စဆိုရင် လက်မလွန်စေနဲ့"
"အွန်း အမုဏ်းနိုးလာတာနဲ့ ကျွန်တော့်ကိုဖုန်းဆက်ပါ"
မာန်က ကားသော့ယူပြီး ထွက်လာလိုက်၏
အချ်ိန်က မနက်၅နာရီရှိပြီဖြစ်သည်တိတ်ဆိတ်နေသော ရပ်ကွက်အတွင်းရှိ သိုလှောင်ရုံ မြေအောက်ခန်းဆီကိုသာ ဦးတည်သွားလိုက်၏
ထို့နောက် ကျောခိုင်းရက်သားတုတ်နှောင်ထားခံရသော ခွေးနှစ်ကောင်
ထင်တဲ့အတိုင်းပါပဲ မိန်းမတန်မဲ့ ဒီလိုလုပ်ရက်မျိုးလုပ်တဲ့ ယိမ်းမြတ်ကေသာ
YOU ARE READING
A MONNE / အမုဏ်း(COMPLETED)
Romanceမာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။