အပိုင်း(၂၄)

6K 254 17
                                    


"တောင်းပန်ပါတယ် ခင်လင်း...."

"ရပါတယ် ခင်နားလည်ပါတယ် ကိုစိုင်း​မူးနေတာလေ"

"မဟုတ်ဘူး ကိုယ်မူးနေပေမယ့် အသိစိတ်ရှိသေးတယ် ကိုယ်လေ... "

ကိုစိုင်း၏ပါးစပ်က ထပ်ထွက်လာမည့်စကားတွေကိုမကြားရဲစွာ လက်သီးကိုတင်းတင်းစုပ်ထားမိသည်

"ကိုယ် ခင်လင်းကိုတာဝန်ယူမှာပါ"

"ဟင်"

"ကိုယ်တို့မိဘတွေက အစောကြီးထဲကသဘောတူထားကြတာပဲ ကျောင်းပြီးတဲ့အထိတော့စောင့်ပါ"

မဖြစ်နိုင်တဲ့အ​​​ခြေအနေမို့ လက်ခံလိုက်ရတယ်ဆိုတာထုတ်မပြောရုံတမယ်ပါ။

"ဟင့်အင်း ရပါတယ်ကိုစိုင်း ခင်ကလေ ခိုင်နဲ့ကိုစိုင်းတို့ကြား"

"ခင်လင်း!!!"

ရုတ်တရက်အနောက်ဘက်ကနေ ဟိန်းထွက်လာသောအလင်းအသံကြောင့် ခင်လင်းကမျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိသည်။

အရာအားလုံးက အငယ်မလက်ချက်ကြောင့်ပင်၊
ညက အိမ်မှာလူကြီးတွေမရှိတာကို ကိုစိုင်းကိုအကြောင်းပြချက်အမျိုးမျိုးနဲ့ မရရအောင်လှမ်းခေါ်ပြီး အချိုရည်သွားတိုက်ခိုင်းတာလဲ သူပဲ
ခင်လင်းကိုယ်တိုင်က မရိပ်မိခဲ့တာ
ချစ်ရသူက သူမကိုအချစ်စိတ်ကြောင့်တပ်မက်တာမဟုတ်ဘဲ ဆေးအရှိုန်ကြောင့်ပြစ်မှားချင်တာကိုသိသိရဲ့နဲ့ ချစ်တဲ့စိတ်တစ်ခုထဲကြောင့် သူမကိုယ်တိုင်ကြည်ဖြူခဲ့မိတာပင်။

"နင်ကမိန်းကလေးဆိုတာလဲ သတိရအုံး ငါအမေတို့ကိုပြန်ပြောမှာနော်"

"ဟင့်အင်း ဟင့်အင်း အဲ့လိုမလုပ်ပါနဲ့အလင်းရယ်"

"အဲ့ဒါဆို နင်ဘာလို့လက်မခံတာလဲ"

ခင်လင်းက ကိုစိုင်းကိုမဝံ့မရဲမော့ကြည့်မိတော့ သက်ပြင်းဖွဖွချကာ တစ်ဖက်ကိုမျက်နှာလွှဲသွား၏။

ခင်လင်းရူးသာပစ်လိုက်ချင်ပါသည်၊ အစက မချစ်လို့လက်မထပ်ချင်တာ၊ အခုကမဖြစ်မနေမို့လက်ထပ်ရမှာ
နှစ်ခုစလုံးက စိတ်ဆန္ဒနဲ့အချစ်မှမပါပဲ
နောက်တစ်ခုက ခင်လင်းသူငယ်ချင်းအပေါ်မှာပါ သစ္စာဖောက်ဖြစ်​တော့မည်။

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now