အမုဏ်းတို့နှစ်ယောက် အရင်က အတူတူအိပ်ခဲ့ကြတဲ့ king sizeမွေ့ယာပေါ်တွင် ကိုကိုက လှဲလျောင်းနေ၏
အမုဏ်း ကိိုကို့နဖူးဆီကို အသာအယာထိတွေ့ပြီးနောက် ကိုကို့လက်ချောင်းသွယ်သွယ်တွေကို သူ့ပါးပြင်တွင် အပ်ထားလိုက်သည်
"ကျွန်တော်ခွင့်မလွှတ်မှာစိုးရိမ်နေရင် အနားခေါ်ပြီး ချော့ပါလား ဘာလို့...အင့်...ဘာလို့ ဒီလိုတွေလုပ်ပြီး ကျွန်တော့်ကို အကြာကြီး ပစ်ထားတာလဲ"
ရိတ်သင်ထားသော ပါးသိုင်းမွှေးစိတ်ဖန့်ဖန့်ပေါ်ကို အမုဏ်းနှုတ်ခမ်းတွေ ထိကပ်လိုက်သည်
"မကောင်းတဲ့လူကြီး ကျွန်တော်ခင်ဗျားကို ဘယ်လောက်တောင်လွမ်းခဲ့ရလဲသိလား"
"ဒါပေမယ့် ကျွန်တော်ပျော်တယ် ကိုကို့စိတ်ထဲမှာ ကျွန်တော်ရှိနေသေးတာသိလိုက်ရလို့ ကျွန်တော့်ကို စိတ်ကုန်မသွားဘဲ ဒီသေးသေးလေးနှစ်ယောက်နဲ့ ချည်နှောင်ပေးခဲ့လို့လည်းကျေးဇူးပါ"
"အွန်း...သိပ်တော့ မကျေနပ်ဘူး ကျွန်တော်ကလေးတွေနဲ့ ဒီ့ထက်ပိုစောပြီး နေရမှာကို"
"ကိုကိုကချစ်ဖို့ကောင်းလိုက်တာ ကိုကိုကကလေးမချစ်ဘဲနဲ့ ကျွန်တော်ကလေးချစ်တယ်လို့ ပြောခဲ့ဖူးတာကို မှတ်ထားပေးတယ် ဒါပေမယ့်လေ ကလေးတွေနဲ့မချည်နှောင်လည်း ကျွန်တော်က အရင်ထဲက ကိုကို့အပိုင်လေ"
အမုဏ်းသည် အချိန်အတော်ကြာသည်အထိ ကိုက်ို့လက်ဖဝါးမှာ မျက်နှာအပ်ရင်း ငိုနေမိသည်
ပါးစပ်ကလည်း တောင်စဥ်ရေမရ လျှောက်ပြောနေမိ၏အမုဏ်းသာ ဝမ်းနည်းနေတဲ့အချိန် အားလုံးကိုမျက်ကွယ်ပြုပြီး ကိုကို့ရင်ခွင်ထဲမှာ ငိုခဲ့ရင် ကိုကိုကို့ ထွက်သွားပေးဆိုတဲ့ စကားတွေမပြောခဲ့ရင် သူတို့နှစ်ယောက်လည်း ဒီလိုမျိုးခွဲနေရမှာမဟုတ်သလို ကိုကိုလည်း ဒီလိုမဖြစ်လောက်ဘူးမလား
အမုဏ်းကမျက်ရည်စတွေသုတ်ကာ စောင်သေချာခြုံပေးရင်း အပြင်ကိုခဏထွက်လာလိုက်သည်
ထို့နောက် ဘေးကပ်ရက်အခန်းကို ဝင်လာလိုက်တော့
အနှီးထုပ်ဖြူဖြူလေးတွေထဲတွင် အိပ်မောကျနေသော ကလေးလေးနှစ်ယောက်ကို ကြည့်ကာ အမုဏ်းမျက်ရည်များပင်အိုင်လာသည်
YOU ARE READING
A MONNE / အမုဏ်း(COMPLETED)
Romanceမာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။