အပိုင်း(၁၆)

8.1K 467 47
                                    

အမုဏ်း ရေချိုးပြီး ညစာစားကာ အပေါ်ထပ်ကိုတတ်လာခဲ့သည်
ပိတ်ရက်မဟုတ်ဘဲ အိမ်မှာအေးအေးဆေးဆေးနားရတော့ စိတ်ကအလိုလိုလန်းဆန်းနေ၏

"သားရေ ဖုန်းလာနေတယ်"

ဖုန်းကိုအောက်ထပ်မှာထားခဲ့မိတာ လှေကားထစ်က အမေ့အသံကြားမှ သတိရသည်။

"Bossတဲ့"

အမေက ဖုန်းcontant nameကိုကြည့်ပြီးပြောသည်ထင်

"ဗျာ လာပြီ ​လာပြီ မေမေ"

ထူးထူးဆန်းဆန်း bossကဖုန်းခေါ်တာလား
ဖုန်းနံပါတ်သာမှတ်ထားပေမယ့် တစ်ခါမှဖုန်းနှင့်အဆက်အသွယ်မရှိခဲ့ဖူးပါ
ကပြာကယာနဲ့ ထပြေးတာ လှေကားထစ်သုံးထစ်လောက်ကျော်ဆင်းမိလို့ လက်ရန်းကိုအမြန်လှမ်းဆွဲလိုက်ရသည်

"​ဘုရားရေ ပြုတ်ကျတော့မှာဘဲ ကလေးလဲမဟုတ်ဘဲဘာလို့ပြေးဆင်းလာတာလဲ"

အမေ့စကားကို ပြန်မဖြေရှင်းနိုင်၊ စပ်ဖြဲဖြဲနဲ့ဖုန်းကိုလှမ်းယူကာ အပေါ်ထပ်အခန်းထဲကို ပြန်ပြေးတတ်လာခဲ့သည်

အခန်းထဲမရောက်ခင်ထဲက ဖုန်းကိုကိုင်ပြီး ကုတင်ပေါ်ရောက်မှ အသက်မနည်းလုရှူလိုက်ရသည်၊ အသံကို အတတ်နိုင်ဆုံးထိန်းကာ

"ဟယ်လို"

"အွန်း နှုတ််ခမ်းသက်သာလား"

"ဟုတ်သက်သာပါတယ်ဗျ"

အမုဏ်းရင်တွေခုန်နေသည် ဖုန်းထဲတွင်ကြားရသောသူ၏အသံသည် ပကတိတည်ငြိမ်၏
အလုပ်ကိစ္စတောင် ဖုန်းဆက်လေ့မရှိတဲ့သူက နှုတ်ခမ်းသက်သာလား လှမ်းမေးသည်တဲ့
ဒါက သူ့အပြစ်မကင်းသလိုခံစားနေရလို့များလား သို့ပေသိ ရုပ်သဏ္ဍာန်လည်းမြင်မနေရ ကိုယ်အငွေ့အသက်လည်းရမနေပဲ လေလှိုင်းကအသံကြားနေရုံနဲ့ အမုဏ်းရင်တွေခုန်တာ ပရမ်းပတာနှင့်။

"ကိုယ်နက်ဖြန် နယ်ကိုအလုပ်ကိစ္စသွားစရာရှိတယ် ပုံမှန်ချိန်ပဲ ရုံးတတ် စောမလာနဲ့...အွန်း နာရီဝက်လောက်နောက်ကျလည်းရတယ်"

"ဟီး ဟုတ် ဟုတ်"

"အွန်း ဒါပဲ ဆေးလိမ်းအုံး အလုပ်ကိစ္စရှိရင်ဖုန်းဆက်လိုက်"

ဖုန်းချလိုက်သည်နှင့် မာန့်မျက်နှာတွင်အပြုံးရိပ်ခပ်ရေးရေးထင်၏
အံအမုဏ်းချေသည် ဖုန်းထဲတွင်ပိုပြီး သွက်သလိုခံစားရသည်
မာန်မသိသေးတဲ့ အမုဏ်းရဲ့ရိုက်က ဘယ်လိုဖြစ်နေမလဲသေချာတာကတော့ ချစ်စရာကောင်းလောက်မည် မူးနေတုန်းက တကယ်ပေါတောတောလေးမဟုတ်လား
မာန့်ရှေ့ဆို မပွင့်မလင်းနဲ့ရှက်နေတတ်တဲ့ ဒီကောင်လေးရဲ့ တကယ့်စရိုက်မှန်ကို မြင်ချင်ပါသည်
အမုဏ်းဆီမှ များများစားစားကြားရသည့် ဟုတ် ဆိုတဲ့စကားလုံးလောက်ကိုပင် မာန်ကခွဲခြမ်းစိတ်ဖြာနေမိသည်
မာန်ဘယ်အချိန်က လူတစ်ယောက်အကြောင်းကို အသေးစိတ်ဝေဖန်သုံးသပ်မိလဲမသိ
မာန် ချစ်မိနေတာလား

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now