အပိုင်း(၁၇)

8.8K 549 46
                                    

"တောက်!!!!"

ခပ်ပြင်းပြင်းတောက်ခေါက်သံနှင့်အတူ အမုဏ်းမျက်နှာချင်းဆိုင်မှ မပြေးရုံတမယ် ခြေလှမ်းကျဲကြီးတွေနဲ့လှမ်းလာတဲ့သူက အမုဏ်းရှေ့မှ Graceကိုပုခုံးကနေကိုင်ကာ ဆွဲလှည့်ပြစ်လိုက်၏

"မင်း! !!"

"မလုပ်နဲ့"

အမုဏ်း မာန့်ကိုယ်လုံးကြီးကို အတင်းပြေးဝင်ထိန်းလိုက်တော့ ချက်ခြင်းလက်ကိုပြန်ရုတ်လိုက်ပေမယ့် တောက်တ ခေါက်ခေါက် လက်တပြင်ပြင်

"တောက်!!ထွက်သွားစမ်းကွ"

Graceမှာ မာန်၏ဒီလိုပုံစံကို မမြင်ဖူးသလိုကြည့်နေကာ
အောက်နှုတ်ခမ်းကိုလည်း တင်းတင်းကိုက်ထား၏

"ထွက်သွားလို့ပြောနေတယ်လေ!!နောက်တစ်ခါ မင်းသူ့ကို ​လက်ဖျားနဲ့​တောင်မထိနဲ့ ငါမင်းကိုသတ်ပစ်မှာ"

အံကြိတ်ကာ လက်ညိုးတည့်တည့်ထိုးပြီးပြောနေသူကြောင့် အမုဏ်းမှာသူ့ရင်ခွင်ထဲရောက်နေတဲ့အဖြစ်ကိုတောင် ခပ်လန့်လန့်၊

"ကမ္ဘာနင်ဘယ်တုန်းက ငါ့ကိုဒီလိုပြောဖူးလို့လဲ "

"တောက်!!! ထွက်သွားကွာ "

Graceက အမုဏ်းကိုမျက်စောင်းထိုးက အံတကြိတ်ကြိတ်နှင့် ဒေါက်ဖိနပ်သံ တစ်ဂွက်ဂွက်မြည်အောင် စောင့်နင်းကာ ထွက်သွား၏

အမုဏ်းခုထိ ရင်ခွင်ကျယ်ကြီးထဲမှာပင်
မဝံ့မရဲမော့ကြည့်မိတော့ စိုးရိမ်တကြီးကြည့်နေတဲ့မျက်ဝန်းတွေ။

အမုဏ်း၏ ပါးပြင်နုနုပေါ်တွင် မာန်၏လက်ချောင်းရှည်ရှည်တွေကဖြန့်ကျက်နေသည်
နုနုနယ်နယ်ဒီမျက်နှာလေးကို ဒဏ်ရာပေးနေသူက မာန်ကိုယ်တိုင် မာန်နဲ့သက်ဆိုင်၍သာ...တွေးရင်း အံကြိတ်မိပြန်သည်
ဒီကောင်လေးသာ မဆွဲဘူးဆိုရင် မာန်တကယ် Graceကို တစ်ခုခုလုပ်မိတော့မှာ မာန်ကိုယ်တိုင်တောင် ဘယ်လိုပုံစံမျိုးနဲ့မှ ဒီကောင်လေးကို ဒဏ်ရာမပေးမိဖို့ ဆုံးဖြတ်ထားပြီးသား ရာရာစစဒီမိန်းမက မျက်နှာကိုမှ

"တောက်!"

ကိုယ်အတွေးနဲ့ကိုယ် တောက်ခေါက်လိုက်တော့ ရင်ခွင်ထဲကခေါင်းငုံ့နေတဲ့ ကိုယ်လုံးလေးက ဆက်ကနဲ
5ရက်တောင်မတွေ့ရတဲ့ ဒီကောင်လေးကို မာန်အမှန်တကယ်ပင် လွမ်းနေခဲ့တာ
နမ်းလို့မဝသော နှုတ်ခမ်းလုံးလုံးလေးတွေ
မစိမ်းသက်တော့သော ကိုယ်သင်းနံ့ယဥ်ယဥ်လေးတွေ
မာန့်ရှေ့ဆိုမျက်နှာရဲအောင်ထိ ရှက်တတ်တာလေးတွေ

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now