ting....ting....ting....
ကုတင်ခြေရင်းတွင်ကျနေသော အင်္ကျီကုတ်ထဲက မာန့်ဖုန်းသံက ထမြည်လာသည်
ဖုန်းသံကြားကြားချင်းမျက်လုံးပွင့်လာသူကြောင့် အမုဏ်းလန့်ဖြန့်သွားသည်
နိုးနေရဲ့သားနဲ့ အိပ်ချင်ယောင်ဆောင်နေတာပဲ"ဟို...ဘယ်အချိန်ထဲက နိုးနေတာလဲ"
"ကြာပြီး မင်းအိပ်တာကိုကြည့်နေတာ "
"အဲ့..အဲ့ဒါ ဘာလို့မျက်လုံးမှိတ်ထားတာလဲ"
"မင်းကိုယ့်အိပ်တာကိုများတစ်လှည့်ပြန်ကြည့်ချင်မလားလို့ "
အမုဏ်းရှက်ရမ်းယမ်းသွားသည်
"မကြည့်ချင်ပါဘူး... ဟို...ဖုန်းကိုင်လိုက်အုံးလေ "
မာန်ကခေါင်းညိတ်ပြရင်း ကုတင်အောက်ကဖုန်းကိုကောက်ကိုင်လိုက်၏
ညိုစိမ့်စိမ့်ကျောပြင်ကျယ်ကြီးသည် ယောကျာ်းလေးအချင်းချင်းတောင်အားကျဖို့ကောင်းလောက်အောင် ကျစ်လစ်နေသည်
အမုဏ်းကတော့ တစိမ့်စိမ့်တောင်ကြည့်နေမိသည်
တစ်ကိုယ်လုံးထွားထွားကြိုင်းကြိုင်းကြီးခါးနေရာတွင်တော့ သိမ်ပြီးကျစ်နေ၏
ထိုနေရာမှတိုတိုတုတ်တုတ်ပတ်ထားသောတပတ်တစ်ထည်သည် ပေါင်လုံးကျစ်ကျစ်တွေကိုပင်သေချာလုံအောင်မဖုံးပေးနိုင်
တပတ်ကပိုကရိုပတ်ပြီး စောင်ခြုံအိပ်နေပုံရသည်။"အွန်း ပြောလေ သီဟ"
"ဗျာ...ဟိုအလုပ်မလာဘူးလားဗျ"
"ဒီနေ့တစ်နေ့ထပ်နားလိုက်အုံးမယ် မင်းကြည့်ရှင်းထားလိုက်ပါအုံး"
သီဟဖုန်းကိုင်ပြီး ကြောင်တောင်တောင်နဲ့ရပ်နေမိသည်
အရင်က ဖုန်းကိုင်တာနဲ့ 'ပြော' ဆိုတာကလွဲရင်မ ပြောတဲ့သူက ဒီနေ့တော့ထူးထူးဆန်းဆန်း လေသံတွေတောင်ပြောင်းလို့ ၊နောက်ပြီးသီဟတို့သူဋ္ဌေးသည် ဘယ်တုန်းက အလုပ်ကိုဒီလိုမျိုး လက်လွတ်စပယ်လုပ်တတ်သွားတာလဲမသိ၊ သီဟသိသော မာန်ကမ္ဘာမြေသည် လူမှုရေးပိုင်းတွင် ဘယ်လောက်ညံံ့ညံ့ အလုပ်ကိုမျက်နှာလွှဲတတ်တဲ့သူမျိုးတော့မဟုတ်ပါ.... မနေ့ကလည်း လကုန်ရက် companyမှာပုံနေသည့်အလုပ်တွေကိုထားပြီး မိုင်၂၀လောက်ဝေးသည့် စံအိမ်ကိုပြန်ဖြစ်အောင်ပြန်ပြီး ဒီနေ့လည်းနားအုံးမည်တဲ့.... မကောင်းတဲ့ကိစ္စတော့မဟုတ်ပေမယ့် သေချာပေါက် ဟိုကလေးနဲ့ချစ်တီတူးနေလောက်မှာ။
YOU ARE READING
A MONNE / အမုဏ်း(COMPLETED)
Romanceမာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။