အပိုင်း(၃၂)

4.5K 176 5
                                    

ချစ်တယ်ဆိုတဲ့ ဖွင့်ဟမှုရဲ့နောက်ကွယ်မှာ ဆိုးကျိုးအနေနဲ့ကတော့ အမုဏ်းတစ်ကိုယ်လုံးကိုင်ရိုက်ထားသည့်နှယ် ပျော့ခွေနေတော့သည်
မာန်သည် နှီးနှောနေသည့် တစ်လျှောက်လုံး တစ်ခါပြီးတိုင်း အမုဏ်းကိုချစ်လားတစ်ခါမေးသည်
ဖြေမိပြန်ရင်လည်း နောက်တစ်ချီစပြန်သည်...ဒီလိုနဲ့ သူတို့နှစ်ယောက်၏ မင်္ဂလာဦးညသည် လုံးလည်ဂျပ်ပြားရိုက်ကာ မာန်အပြီးတိုင် ပြီးဆုံးသွားချိန်တွင် အမုဏ်းလည်းအိပ်ပျော်သွားလား မေ့မြောသွားလားပင် မပြောတတ်တော့ပေ၊

နိုးလာချင်းချင်း မျက်လုံးဖွင့်မကြည့်သေးဘဲ ရနေကျကိုယ်သင်းနံ့ကို ရှုရှိိုက်မိပေမယ့် အဲ့အစား ရေမွှေးနံ့တစ်မျိုးက အမုဏ်းနှာခေါင်းနှာတွင် ဝေ့ဝိုက်ကြည်စယ်နေ၏
မျက်လုံးဖွင့်ကြည့်လိုက်တော့ ကုတင်ဘေးတွင်တင်ပါးလွှဲ၍ ထိုင်နေသူက အမုဏ်းကိုချစ်ရည်ရွှန်းလဲ့သောမျက်လုံးများနှင့်ကြည့်နေသည်
သူ့တစ်ကိုယ်လုံးလည်း suitအပြည့်နှင့်

"အလုပ်သွားမလို့လား"

အိပ်ချင်မူးတူးအသံကိုနှင့် အမုဏ်းကို မာန်က ပြုံးစိစိနှင့်ကြည့်နေသည်

အရင်ကချစ်ဖို့ကောင်းမှန်းသိပေမယ့် မာန့်မျက်လုံးထဲတွင် အရင်ကထက်ပင်အသည်းယားစရာကောင်းပြီး ချစ်ဖို့ကောင်းနေသော အနှီကောင်လေးက ယခုတွင် မာန်တစ်ယောက်ထဲ၏ သီးသန့်ဖြစ်တည်မှုလေးလို...မာန်တစ်ယောက်တည်း၏ အပိုင်ဖြစ်သည်

"အွန်း babeနိုးတာစောင့်နေတာ မနက်စာအတူတူ စားမယ်မလို့ "

"ဘေဘီ?. . ."

အမုဏ်းဘာပြောလ်ို့ ပြောရမှန်းမသိအောင် ... ဆွံ့အနေမိသည်... တစ်နေ့တစ်မျိုး အမုဏ်းကိုရူးသွားအောင်ချွေနေသည်လား မပြောတတ်ပေ...အရင်ကရိုင်းရိုင်းစိုင်းစိုင်းမြင်နေကျကနေ ဒီလောက်ထိနူးညံ့သွားတာက အမုဏ်းအတွက်အိပ်မက်တစ်ခုလိုပင်...၊

"ကျွန်တော်ရူးတော့မှာပဲ"

"ဟက်...ကိုယ်ကbabeသာဖြစ်နေရင် အရူးလည်းလင်တော်နိုင်ပါတယ်"

"ကိုကိုက စကားတက်တိုင်းလျှောက်ပြောနေတယ်"

အသံတိမ်တိမ်လေးနဲ့ပြောပြီး ရှက်သွားသူက စောင်ပုံထဲပြန်ဝင်ခွေမလို့လုပ်သေးသည်
မာန်ကစောင်တွေကိုဆွဲဖယ်က ပွေ့ချီပြီးရေချိုးခန်းထဲထိသယ်သွားပေးလိုက်သည်
ထို့နောက်မနက်စာစားပြီး မာန်လည်းအလုပ်သွားဖို့ကို မနည်းစိတ်ဆုံးဖြတ်နေရသည်
မဟုတ်ရင် ပုံပုံလာတဲ့အလုပ်တွေက ဘယ်လိုမှနိုင်မယ့်ပုံမပေါ်...လက်အောက်ငယ်သားတွေရှိလည်း ဥက္ကဋ္ဌဖြစ်တဲ့မာန့်ရဲ့အလုပ်တွေက သီးသန့်ကိုရှိ၏

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now