"အဲ့ဒါသူ့ကိစ္စလေ.. ကျွန်တော်နဲ့မဆိုင်ဘူး..."
"မာန်ကမ္ဘာမြေကလေ ငယ်ငယ်ထဲက သူဆော့နေကျအရုပ်ကို တခြားသူတစ်ယောက်ယူဆော့ရင် သေအောင်ဒေါသပုန်ထသောင်းကျန်းပြီး အဲ့အရုပ်ကိုလွှင့်ပစ်တတ်တာ ...
ကိုယ်စမ်းကြည့်ချင်သေးတယ်... မင်းသာကိုယ်နဲ့အိပ်ပြီးသွားရင် သူဘယ်လိုဖြစ်သွားမလဲလို့...အထူးသဖြင့်ကိုယ်စားပြီးရင် သူပြန်စားချင်ပါ့မလားလို့လေ ""ခင်ဗျား မမိုက်ရိုင်းနဲ့ ခင်ဗျားအိပ်ချင်တယ်ဆိုတိုင်း အိပ်ပေးရအောင် ကျွန်တော်ကKTVကစော်မဟုတ်ဘူး"
"အွန်း ကိုယ်သိပါတယ် မင်းကမာန်ကမ္ဘာမြေရဲ့VVIPလေ"
"......."
"မင်းအမေနေမကောင်းတာတော့ မဟုတ်ပေမယ့် ကိုယ်ရောက်ခဲ့တာတော့ အမှန်ပဲ သူကမင်းကြောင့်တော်တော်စိတ်ထိခိုက်နေပုံပဲ"
"ကျွန်တော်အခု အိမ်ပြန်ချင်တယ်"
"ဘယ်အိမ်ကိုလဲ"
"ကျွန်တော့်ကိုခေါ်လာတဲ့ အိမ်ကိုပြန်ပို့ပေးပါ"
"ကျစ် ဘာလို့ခေါင်းမာနေမှာလဲ နှစ်ယောက်လုံးပျော်ရမယ့်ကိစ္စကို "
ဒေါသကထောင်းကနဲထွက်သွားသည်
အမုဏ်းက သူတို့မျက်လုံးထဲမှာဘယ်လောက်တောင် သေးသိမ်နေလို့လဲ...၊"ရွံစရာတွေ...တံခါးဖွင့်ပေး"
"မလောစမ်းပါနဲ့ ရှေ့နားမှာMotelရှိတယ်၊ ယောကျာ်းချင်းစိတ်မဝင်စားပေမယ့် ကိုယ်ကမင်းမို့သာ စိတ်ပါတာနော် "
"ကျွန်တော်ကလည်း မာန်ကမ္ဘာမြေကလွဲရင်ကျန်တဲ့သူတို စိတ်မပါဘူး"
"ဟက်...စိတ်မပါလည်းမင်းယူရမှာပဲ"
"ဘာ!..."
"မင်းကိုပေးလိုက်တဲ့မေ့ဆေးအရှိုန်ပျယ်တာ မြန်လွန်းတယ်မထင်ဘူးလား..ခဏနေမင်းသိလာလိမ့်မယ်"
"ဆေး..ဆေးခတ်ထားတာလား"
"သိပ်မပြင်းပါဘူး ကိုယ်ကအလွန်အကြူးမလုပ်ပါဘူး မင်းစိတ်ပါလာရုံပဲ"
"တောက်!!...ခင်ဗျား"
အမုဏ်းလက်သီးကိုတင်းတင်းဆုပ်ထားလိုက်သည်
ဆေးကြောင့်သူရင်တောင် အမုဏ်းမချစ်တဲ့တခြားသူနဲ့ မလွန်ကြူးနိုင်ပါ
ပတ်ဝန်းကျင်က တဖြည်းဖြည်းမှောင်လာပြီ အမုဏ်းရင်ထဲပူလာသလို အာခေါင်တွေခြောက်လာသလိုခံစားရ၏
YOU ARE READING
A MONNE / အမုဏ်း(COMPLETED)
Romanceမာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။