မာန်သည် ကော်လံစကိုဆွဲထားရာမှ ရုတ်တရက် အမုဏ်း၏ မေးရိုးနုနုနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဆွဲကိုင်လိုက်သည်။ ထို့နောက် ပန်းနုရောင် သန်းနေသော သ်ိုသိပ်သိပ်နှုတ်ခမ်း ဖူးဖူးကို သူ၏ နှုတ်ခမ်းပါးနှင့် ကြမ်းတမ်းစွာ ဖိကပ်လိုက်၏။
"အွန့်....အွန်းးးး"
"ဗြန်း!!ဗြန်းး"
မျက်နှာ နှစ်ဖက်ကို မာန့်အားနဲ့ ချုပ်ထားတာကြောင့် အမုဏ်းမှာ မလူးလွန့်သာ...နှုတ်ခမ်းကို အတင်းဖိကပ်ထားတာကြောင့် အသက်ရှူတွေပါ ကြပ်လာရသည်။
အမုဏ်းလက်နှစ်ဖြင့် အားကုန်သုံးကာ သူ၏ လက်နှစ်ဖက်ကို ရိုက်ချကြည့်၏။
သို့သော် အရာမထင်ပါ...အနမ်းမမြည်သော အနမ်းတွေနဲ့ အမုဏ်းနှုတ်ခမ်းကို တမင်နာကျင်အောင် လုပ်နေတာဖြစ်သည်။"ပြွတ်စ်"
အသံမြည်အောင် စုတ်ဆွဲကာ နမ်းတာကို လွှတ်ပေးလိုက်ပေမယ့် အမုဏ်းပါးနှစ်ဖက်ကို လက်နဲ့ ဆွဲကိုင်ထားတာကိုတော့ လွှတ်မပေးသေးပေ။
လူကို လှောင်သလိုလိုနဲ့ စိုက်ကြည့်နေတာ...မာန်ကမ္ဘာမြေ က ဆိုးဝါးလှ၏။ အမုဏ်း လုံးဝမထင်ထားတဲ့ နည်းလမ်းကြီးနဲ့တိုက်ခိုက်တာ။"လူယုတ်မာ!!"
အရှိုန်နဲ့ ရွယ်လိုက်သော အမုဏ်းရဲ့လက်ကောက်ဝတ်က လေထဲမှာတင် ဆောင့်ဆွဲခံလိုက်ရသည်။
"ဟက်!!ထပ်ထိုးအုံးမယ်ပေါ့ "
မာန်က အမုဏ်းရဲ့ လက်သီးကို ဆုပ်ကိုင်ကာ သူ့ပါးပြင်တွင် အပ်လိုက်ရင်း
"ထိုးစမ်း ပါးတစ်ခါရိုက်ရင် တစ်ခါနမ်းမယ်ဆိုတာ ဇာတ်ကားထဲမှာပဲ ရှိတယ် မင်းဒီစားပွဲပေါ်မှာတင် ဒူးချောင်ပြီး ပျော့ခွေ့သွားချင်ရင်လုပ်လိုက် ငါမလုပ်ရဲဘူး မထင်နဲ့နော်"
မာန်၏ စကားက ဘာကိုဦးတည်ပြောနေလဲဆိုတာ အမုဏ်းချက်ခြင်းသိလိုက်ရသည်။ အကြောင်းကား အမုဏ်း၏ လည်ပင်းနားကို ရုတ်ချည်းဆိုသလို တ်ိုးဝှေ့လာသော မာန်၏ ဦးခေါင်းကြောင့်။
"လွှတ်....!!!"
ချုပ်ကိုင်ထားခံရသော လက်ကောက်ဝတ်တစ်ဖက်ကို အတင်းရုန်းကာ အမုဏ်း မာန်၏ ခပ်လှမ်းလှမ်းနေရာကို ပြောင်းရပ်လိုက်သည်။
YOU ARE READING
A MONNE / အမုဏ်း(COMPLETED)
Romanceမာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။