အပိုင်း(၃)

11.5K 557 16
                                    


"ဟိုဘက်companyက အတွင်းရေးမှူးကိုအလုပ်ထုတ်လိုက်တယ်တဲ့"

mac bookပေါ်ရှိ မာန်၏လက်သည် အနည်းငယ်ရပ်တန့်ကာ စဥ်းစားမိသည်။

အလုပ်ထုတ်တယ် ဘာလို့လဲ ဒီလောက်လုပ်သက်ကြာပြီး အတွေ့အကြုံရှိတဲ့ လူကို ဘာအကြောင်းပြချက်နဲ့ ထုတ်တာလဲ

"အတွင်းရေးမှုးအသစ်က ယောကျာ်းလေးတဲ့"

စကားများသူပီပီ သီဟက မမေးလည်း ခရားရေလွှတ် ဖောက်သည်ချနေသည်။

"အဲ့ဒါမင်းအကြောင်းလား! ကိုယ့်အလုပ်ကိုယ်လုပ် မင်းဟိုရက်က အလုပ်ကျွေးတွေ အများကြီးနော်"

တိတ်ဆိတ်နေသော အဲကွန်းခန်းထဲတွင် ဟိန်းထွက်နေသော မာန်၏အသံသည် သာမန်လူကြားရင် ထိတ်လန့်ဖွယ် ၊ သို့သော် သီဟအတွက်တော့ မဟုတ်။

"အဟွန်း အေးပါ မင်းနဲ့မှ ဘာမှမဆိုင်တာ ငါသွားပြီ မာန် ခိုင်းစရာရှိရင် ခေါ်လိုက်"

သီဟ ကြာကြာတော့ ဆက်မနေရဲတော့ မာန်ဆိုတဲ့ကောင်က လွယ်တာတော့ မဟုတ် သူစိတ်တိုရင် ရှေ့မှာတွေ့တဲ့ ပစ္စည်းနဲ့ကောက်ပေါက်တတ်တဲ့ ကောင်မျိုး
သူနဲ့နေပါများလို့ ခုဆို သီဟတောင် ရှောင်လင်သိုင်းတွေ
တော်တော်တတ်နေပြီ။
နေရာတကာ သူစိတ်ဆိုတာချည်းပဲ၊ ဟိုနေ့က ကိစ္စကသူ့ဘာသူ နားလည်မှုလည်းလွဲသေးတယ် သီဟကိုလည်းစိတ်ဆိုးနေသေးတာ ခုထိဘဲ။

သီဟထွက်သွားတော့မှ မာန်သည် လက်ထဲတွင်ကိုင်ရက်သား ဘောပင်ဘူးကို အောက်ကိုချလိုက်သည်။

အသွားမြန်လို့ပေါ့ မဟုတ်ရင် ဒီဘောပင်ဘူးက ကြမ်းပြင်မှာ ကျရင်ကျ မကျရင် သီဟနှဖူးနဲ့ထိတော့မှာ။

" လျှာရှည်တဲ့ကောင်"

မာန်သည် mac bookကိုပိတ်ရင်း ခုံပေါ်တွင် မှီလှဲလိုက်သည်။

အဖေ ဘာတွေလုပ်နေတာလဲ သူနားမလည်နိုင်တော့ဘူး
မဟုတ်ဘူး နားလည်ဖို့လည်း မကြိုးစားချင်ဘူး ၊ အဖေလုပ်ခဲ့တာတွေက သူနားလည်ပေးလို့ရတာမှ မရှိခဲ့ပဲ။

                     

"မုဏ်း မြန်မြန်လျှောက်ဟ အလုပ်နောက်ကျမှာစိုးလို့ပါဆိုနေ"

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now