အပိုင်း(၁၉)

8.1K 480 45
                                    

"အိမ်ထဲဝင်ရအောင် အမေ"

အမုဏ်းသည် မျက်ဝန်းအိမ်ထဲက ငွေ့ရည်တစ်ချို့ကိုပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်ရည်မကျအောင်နေမိသည်
မေမေ့ရှေ့မှာလည်မျက်ရည်မကျချင်သလို ဦးစိုင်းကမ္ဘာထွန်းရှေ့မှာလည်း အိသဒ္ဓြေမပျက်အောင်ထိန်းထားမိသည်
အခုထိ ဘာတွေဖြစ်နေတာလဲ အမုဏ်းမသိသေးပါ
အသက်၂၄နှစ်မှာရှိတဲ့ ရက်ပေါင်းများစွာကို ရိုးရိုးဆင်းဆင်းပဲဖြတ်သန်းလာခဲ့တာ အမုဏ်းတို့မောင်နှမမှာ အမေရှိတယ် အမေ့မှာအမုဏ်းတို့နှစ်ယောက်ရှိတယ်
လူမှန်းသိတတ်ပါပြီဆိုထဲက အမေပဲမြင်ဖူးပြီး အမေ့လက်ထဲမှာပဲကြီးပြင်းလာခဲ့တာမို့ ဒီမျက်နှာတစ်ခုတည်းသာကြည့်ပြီးနေခဲ့တာ
အမုဏ်းတို့အဖေကသေပြီဆိုတဲ့ အမေ့​ဖြေရှင်းမှုတစ်ခုထဲနဲ့ အမေ့ကိုနာကျင်စေမယ့် ဘယ်လိုမေးခွန်းကိုမှ ထပ်မမေးဖြစ်ခဲ့ပါ၊ မွေးထဲကနေသားကျနေပြီမို့ အမုဏ်းတို့ဘဝတွင် အဖေဆိုတာ မရှိလည်းဖြစ်၏ဟု ခံယူထားမိသည်
အမေ့ကျေးဇူးကြောင့်ပဲ လူဘုံအလယ်မှာမျက်နှာမငယ်ပဲ သူများတန်းတူနေနိုင်စားနိုင်ခဲ့သည်
ဒါကအမုဏ်းတို့သိထားသည့်အကြောင်းဆိုရင် နောက်ကွယ်မှာရော အမုဏ်းမသိတာဘာတွေရှိသေးလို့လဲ
ဘာဖြစ်လို့ဒီလိုအကြောင်းအရာက ထိုလူသားနဲ့မှတိုက်ရိုက်ပတ်သတ်နေရတာလဲ

"ဘာတွေဖြစ်နေတာလဲ အမေ"

ခုံပေါ်တွင်ထိုင်နေသော အမေ့ရှေ့ကိုအမုဏ်းကဒူးထောက်ထိုင်ချလိုက်၏
ဦးစိုင်းကမ္ဘာထွန်းလည်းပြန်သွားသည်မို့ အမုဏ်းသိချင်တာကို ထုတ်မေးရမည်

"bossအဖေနဲ့ အမေနဲ့က ဘာတွေပတ်သတ်ဖူးလို့လဲ"

"မေမေနောက်မှပြောပြမယ် သားအလုပ်ထွက်လိုက်တော့နော်"

"ဗျာ ဘာ ဖြစ်လို့လဲ ဟင်"

"အမေသားတို့မောင်နှမနှစ်ယောက်ကိုဆုံးရှုုံးရရင် သေလိမ့်မယ်"

"မဟုတ်ဘူးလေအမေ အဲ့ဒါနဲ့ ဘာဆိုင်လို့လဲဟင် နောက်ပြီးbossက"

"ထွက်လိုက်ဆို ထွက်လိုက် ဘယ်တုန်းကမင်းအမေ့စကားကို ငြင်းခဲ့ဖူးလို့လဲ"

တစ်ခါမှမမြင်ဖူးသည့် အမေ့ရဲ့တစ်ဖက်ခြမ်းလားဒါက
အပြုံးနုနုနဲ့ လေသံချိုချိုက အမေ့မျက်နှာလေးကို အမြဲတမ်းအေးချမ်းစေခဲ့တာ
ဒီနေ့တော့ အမေ့မျက်နှာက ထူးထူးဆန်းဆန်းခက်ထန်နေခဲ့သည်
အမုဏ်းဘာမှလိုက်မမှီတော့ပါ ဘာကိုသနားရမှာလဲဆိုတာ အမေပြောပြမှသိမှာပေါ့

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now