အပိုင်း (၁၀)

9.5K 535 58
                                    


အမုဏ်း၏ ပါးပြင်အိအိသည် မာန်၏နှာခေါင်းချွန်ချွန်နှင့် ထိတို့ခံလိုက်ရသည်နှင့်တစ်ဆက်တည်း အမုဏ်းကိုယ်လေးဆက်ကနဲ့ တုန်တတ်သွားရသည်။

အကြောင်းက မာန်သည် သူ၏ မကြာသေးခင်ကမှ ရိတ်သင်ထားသည် ပါးပြင်ကြမ်းရှရှနှင့် အမုဏ်း၏ ပါးပြင်နုနုကို တမင်ပွတ်သပ်လိုက်ခြင်း။

"ဘယ်လိုထင်လဲ"

"ဗျ..ဗျာ ဘာကိုလဲ"

အမုဏ်းသည် ထိုလူ၏ မျက်လုံးအိမ်နက်နက်ကို အကြည့်ချင်းမဆုံနိုင်အောင် ရှောင်ပြေးနေမိသည်။

"မင်းဘဲ အစည်းအဝေးကပြန်လာတာလားဆို ငါဘယ်သွားတယ်လို့ ထင်လဲ"

"ဟင့်အင်း"

အမုဏ်းသည် ထိုင်နေရာမှ အမြန်ထရပ်လိုက်ကာ

"ခွင့်ပြုပါအုံး ကျွန်တော်ထမင်းသွားစားအုံးမယ်"

အ​​မုဏ်းသည် မာန့်ဘေး​ကနေ အတင်းလျှိုထွက်ကာ အပေါက်ဝဆီတစ်ကျိုးထဲ သုတ်ခြေတင်ကာ ထွက်သွားတော့၏။

'ရှက်သွားတာလား'

မာန်သည် စားပွဲခုံပေါ်တွင် တင်ပါးတင်ရုံသာမှီပြီး ရပ်လိုက်သည်။
မျက်တောင် ရှည်ရှည်တွေဝန်းရံထားသော မျက်လုံးအိမ် ဝိုင်းဝိုင်းကို ပုတ်ခတ်ပုတ်ခတ်လုပ်နေပုံက အသဲယားစရာတော့ကောင်းသည်
မာန်ရင်တောင်ခုန်သွားသလိိုလို....။
ချယ်ရီပွင့်ရောင်ရင့်ရင့် နှုတ်ခမ်းဖူးဖူးကို အတင်းစေ့ထားပုံကို သူနမ်းမှာစိုးလို့ပေါ့

'ဟက် နမ်းချင်မှ မင်းနှုတ်ခမ်းစေ့ထားရုံနဲ့ ရမယ်ထင်လား'
.
.
.

"ဟိတ် အတွင်းရေးမှုးအသစ်လေးလား

"ဟုတ်ကဲ့"

ထိုလူသည် အသားဖြူဖြူအရပ်ရှည်ရှည်နှင့် အသက်က အမုဏ်းထက် ကြီးပုံတော့ပေါ်သည်။

"ချောတယ်ပြောနေကြလို့ မြင်ဖူးချင်နေတာ ထင်ထားတာထက်တောင် ချောနေတာပဲ"

ပေါ်တင်ကြီး ချီးကျုးခံလိုက်ရတော့ အမ်းတမ်းတမ်းဖြစ်သွားသည် အမုဏ်းလည်ပင်းကို လက်နဲ့သပ်ရင်း ခပ်ဟ ဟရီကာ

"အဲ့လောက်လဲ မဟုတ်ပါဘူးဗျာ"

"အံ့အမုဏ်းချေမလား နာမည်ကဆန်းဆန်းလေးပဲ"

A MONNE / အမုဏ်း(COMPLETED)Où les histoires vivent. Découvrez maintenant