"တောက်!!!မင်းမရှောင်တတ်ဘူးလား!!!ချီးပဲ"
အံကြိတ်ရင်း မချိတင်ကဲထွက်လာသော မာန်ကမ္ဘာမြေ၏အသံသည် နဂိုထက်များစွာ ကျယ်လောင်ပြီးခက်ထန်၏
"ဟာ့ "
တစ်ခုခုကို လက်လွတ်စပယ်ကျူးလွန်မိသူပမာ ခေါင်းကိုမော့ကာ အသက်ပြင်းပြင်းရှုထုတ်လိုက်သည်
ဒေါသကြောင့်စိတ်မထိန်းနိုင်ဖြစ်သွားပေမယ့် နှုတ်ခမ်းနုနုထောင့်စွန်းက သွေးစကိုမြင်တော့ မာန့်ရင်ထဲ ထိတ်ကနဲ ပြာသွားရသည်။........
အလုပ်ရှင်က အလုပ်သမားကိုဆူတာက ထုံးစံဆိုပေမယ့် အမုဏ်းဝမ်းနည်းရသည်
အမုဏ်းနဲ့ဒီလူကြားက ဆက်ဆံရေးက တကယ်ပင်ရိုးစင်းလွန်းပါ၏ အလုပ်ရှင်နှင့်အလုပ်သမားပါပဲ
ထိတွေ့မှုတစ်ခုထဲနဲ့ အမုဏ်းဟာထိုလူအတွက် ထူခြားသွားရောတဲ့လား၊
ရေစက်ဖြစ်ပါစေလို့ ဆန္ဒပြုခဲ့ပေမယ့် လက်လှမ်းမမှီသောရေစက် ၊ ဝေးကွာလွန်းသော ရေစက်သာဖြစ်လိမ့်မည်။"တောင်းပန်ပါတယ် "
မမျှော်လင့်ဘဲကြားလိုက်ရတော့ကြောင့် အမုဏ်းမျက်လုံးတွေဝိုင်းစက်သွားသည်
မျက်လုံးအိမ်ဝိုင်းဝိုင်းကို ပုတ်ခက်ပုတ်ခက်လုပ်မိတော့
မျက်ရည်က လိမ့်ဆင်းလာသည်အမုဏ်းနားကိုလျှောက်လာသူက အမှန်တကယ် ခယပြီး တောင်းပန်နေသောမျက်ဝန်းမျိုး
"ကိုယ်တောင်းပန်ပါတယ်"
ဒီစကားမျိုးကိုတကယ်ပင် ခက်ခက်ခဲခဲပြောနေရပုံ
ရှက်စရာတော့ကောင်းသည် ချစ်ပါတယ်လို့ ဝန်ခံတာလည်းမဟုတ် ကြိုက်တယ်လို့ပြောတာလည်းမဟုတ်ပါဘဲ အမုဏ်းရင်တွေခုန်နေသည်
အနီးကပ်မြင်နေရသာ မျက်လုံးအိမ်နက်နက် မျက်တောင်စိပ်စိပ်တွေကြားထဲတွင် မှည့်အနက်တစ်လုံးလည်းရှိသေးသည်
ရင်ခုန်လွန်းလို့ရူးမည်ထင်
မျက်နှာအနီးကပ်ကို အမုဏ်းမျက်တောင်မခပ်စတန်းငေးကြည့်နေမိသည်က နှုတ်ခမ်းထောင့်စွန်းထက်က နာတာကျင်တာတွေတောင် မေ့နေသည်အထိ
နှုတ်ခေါင်းချွန်ချွန်၊ ပါးသိုင်းမွေးစစက မရိတ်ရသေးပုံပင် နှုတ်ခမ်းပါးက အညိုရောင်ဘက်သန်းချင်ချင်
မေရိုးကျပုံခပ်ရှည်ရှည်နှင့် ထင်ထင်ရှားရှား
ရူးလောက်အောင် ချောတာပါ ဒီလူက
YOU ARE READING
A MONNE / အမုဏ်း(COMPLETED)
Romanceမာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။