အမေပြောတဲ့အတိုင်းဆို နောက်သုံးရက်လောက်နေရင် အမုဏ်းတို့ ဒီနေရာကပြောင်းရတော့မည်
သူငယ်ချင်းအိမ် ခဏဝင်ပြီး အိမ်ပြန်လမ်းမှာ bossနှင့်တန်းတိုး၏
မတွေ့ရတဲ့၇ရက်အတွင်းမှာ မျက်နှာတောင်ချောင်သွားသလ်ိုပင် ၊ လွမ်းနေပေမယ့် ဒီလိုတွေ့ရတော့လည်း ရှောင်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့သာ မဟုတ်ရင် အမုဏ်းဒီလူကိုစိတ်ပိုင်းဖြတ်နိုင်မှာမဟုတ်တော့ပေ
ခဏတာစိတ်လှုပ်ရှားတယ်လို့ ထင်ခဲ့မိပေမယ့် မတွေ့ရတဲ့၇ရက်အတွင်းမှာ အမုဏ်း ထိုလူသားကိုဘယ်လောက်တောင်မှ လွမ်းလိုက်ရလဲ၊ ဒီလူနဲ့ပတ်သတ်ရင် အမုဏ်းက အရူးရင့်နေပြီ၊ သို့သော်လည်း ဆွဲလားရမ်းလားနဲ့ သူ့စိတ်အလိုတိုင်း ပြုမှုနေတာကိုတော့ မကြိုက်ပါ"ဒါဘယ်လမ်းလဲဗျ မိုးချုပ်တော့မယ်"
"...."
"ဒီမှာ ဘယ်ကိုမောင်းနေတာလဲလို့ "
"မင်းကိုခိုးလာတာလေ"
"ဗျာ"
"ငါမင်းကိုခိုးလာတာ"
"ဘာ..ဘာတွေပြောနေတာလဲ"
"ဟက် သိပ်လည်းစိတ်လှုပ်ရှားမနေနဲ့ မင်းတစ်ယောက်ထဲကိုခိုးလာတာမဟုတ်ဘူး"
"ဟင်"
"မင်းအမပါ ပါတယ်"
"အကြီးမ အကြီးမလား သူဘယ်မှာလဲ"
"...."
"မေးနေတယ်လေ ဘယ်မှာလဲလို့ "
"ငါ့ကိုမအော်နဲ့စမ်း"
"ခင်ဗျားလွန်နေပြီ"
"ကျွီးးး"
မာန်က ကားကိုလမ်းဘေးသို့ အရှိုန်ပြင်းပြင်းနဲ့ထိုးရပ်လိုက်တာမို့ အမုဏ်းခေါင်းအရှေ့ကို ရောက်သွားသည်
"ဟုတ်တယ်လွန်တယ် ဒီ့ထက်လွန်ပြအုံးမှာ"
ရုတ်တရက် အမုဏ်းကိုသူ့ဘက်ကိုဆွဲလှည့်ကာ ဆံပင်တွေကြားထဲလက်ချောင်းတွေထိုးထည့်လာ၏
"ဘာလဲ လွှတ်နော်"
"နှုတ်သီးခေါင်းလျှာပါးလုပ်မနေနဲ့ အဲ့နှုတ်သီးကိုပျက်ထွက်အောင်ကိုက်ပစ်မှာ"
ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်အခြေအနေတွင် အမုဏ်း၏လက်နှစ်ဖက်သည် သူ့လက်တစ်ဖက်တည်းနှင့် ထိန်းချုပ်ခြင်းခံလိုက်ရသည်
VOUS LISEZ
A MONNE / အမုဏ်း(COMPLETED)
Roman d'amourမာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။