အပိုင်း(၃၁)

5.6K 219 6
                                    


"အမုဏ်းကမျက်နှာ ထိခိုက်မိတာလား" 

"ဟုတ် နည်းနည်းပါ"

"အမုဏ်းအခန်းထဲဝင်နားတော့ ကိုယ်အခုလိုက်လာခဲ့မယ်"

"ဟုတ်...ကျွန်တော်သွားလိုက်အုံးမယ် ဦလေးနဲ့အန်တီ"

"အေး...အေး...သွားနားလိုက်လေ...ပတ်တီးတွေနဲ့ဘယ်လိုဖြစ်တာလဲ "

"အဖေ့တူ ဟိုခွေးသူတောင်းစားကြောင့်လေ ကျွန်တော်အဲ့ကောင်ကို ကုန်းကောက်စရာမရှိအောင် လုပ်ပြမယ်"

"စိတ်လျှော့စမ်းကွာ နေရာတကာ ဒေါသကိုရှေ့တန်းမတင်နဲ့ မင်းနဲ့သူကညီအစ်ကိုတွေ...သူနဲ့ကဘာပြဿနာဖြစ်ပြန်လဲ"

"ဘာဖြစ်ရမှာလဲ...ကျွန်တော်အိမ်မှာမရှိတုန်း အမုဏ်းကိုသူ့အမေနေမကောင်းလို့ဆိုပြီး လာခေါ်သွားတာ...ကျွန်တော်အချိန်မှီရောက်သွားလို့ပေါ့...အဲ့သူတောင်းစားကောင် ကျစ် အမုဏ်းကို အဓ္ဓမကျင့်ဖို့​ကြိုးစားတာ"

ပြောနေရင်း မာန်က နာထင်းကြောတွေပါထောင်လာသည်

"ဒီကောင်ကတော့ကွာ..."

"ကျွန်တော်ကတော့ ညီအစ်ကိုလို့လည်း မသတ်မှတ်ဘူး ငယ်ငယ်ထဲက သူများပိုင်တာဆို သူခိုးချောင်း ချောင်းနေတဲ့ကောင် ကျွန်​တော့်ကိုမကျေနပ်ချင်ရင် ထိပ်တိုက်လာတွေ့လေ အမုဏ်းကိုထိစရာဘာ အကြောင်းမှမရှိဘူး"

"အဖေအဲ့ကိစ္စရှင်းပေးမယ်...သွားနားတော့"

"ရတယ် ကျွန်တော့်လူကို လာထိတဲ့ကိစ္စ...ကျွန်တော်ကိုယ်တိုင်ရှင်းမယ်"

"အဲ့လိုဆိုရင်တောင် လက်မလွန်စေနဲ့"

"......."

"ဟိုကလေးက ဘယ်လိုဖြစ်နေတာလဲ လမ်းလျှောက်တာ ကွတကွတနဲ့"

တီလင်းကဝင်ပြောတော့ မာန်ကစောစောကထွက်နေသည့်ဒေါသတွေက ကြက်ပျောက်ငှက်ပျောက်နှင့် အမုဏ်းပုံလေးကို ခပ်ဟ ဟရယ်ပြီးနောက်ကနေ ကြည့်နေမိတာ ဘေးကနှစ်ယောက်ကိုပင် မေ့နေသည် 

ကားပေါ်မှာတုန်း​က မာန့်ပေါ်တွင် ယိမ်းထိုးနေသောပုံစံလေးက ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲ 
ဒီလိုပုံစံ​ထပ်မြင်ချင်ရင် မာန်ကိုယ်တိုင်ဆေးခတ်မှပင်ရတော့မည်၊

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now