အပိုင်း(၂၆)

5.7K 261 15
                                    

"တီလင်း နောက်တစ်ခါ သူ့ကိုခြံထဲကအလုပ်တွေ မခိုင်းနဲ့ဗျ ဦးကောင်းတို့လည်းရှိနေတာကို"
"
အန်တီခိုင်းတာမဟုတ်ဘူး ကျွန်တော့်ဘာသာ"

"တော်ပြီ ရေသွားချိုးရအောင် အအေးပတ်တော့မယ်"

ဒေါ်အလင်းသူတစ်ယောက် ဘာပြန်ပြောရမှန်းပင်မသိတော့အောင် ပါးစပ်အဟောင်းသားဖြစ်သွားရသည်
တူတော်မောင်ပြန်ရောက်နေသည်ဟု ထမင်းချက်သည့်အဒေါ်ပြောလ်ို့ အပြင်ထွက်ကြည့်ပါရဲ့ သူ့ဟာလေးတစ်ကောင်ကိုချီပြီးအိမ်ထဲဝင်လာကာ အဒေါ်ကိုလည်း
ဟောက်သွားလိုက်သေးတယ်
ဘယ်သူကအလုပ်ခိုင်းနေလို့လဲ အလုပ်မရှိရင်ပျင်းလို့ပါဆိုလို့လဲ အလုပ်ပေးရသေးတယ်
ဖြစ်ရလေ မာန်ကမ္ဘာမြေရယ် ကျွေးမွေးစောင့်ရှောက်ရကျိူးတွေနပ်လိုက်တာ မအေကိုမုန်းလို့သားခေါ်လာလို့သာပဲ... ချစ်လို့များသာခေါ်လာရင် ခေါင်းပေါ်တင်ပြီး တစ်အိမ်လုံး ထားစရာနေရာတောင် ရှိမှာမဟုတ်ဘူး...ဒီမိန်းမဒေါ်ခိုင်ခိုင်ရီနဲ့လည်းဘယ်လိုရေစက်မှန်းပင်မသိတော့ အမရော အလင်းပါမကပဲ ခုသူ့သားက ကမ္ဘာနဲ့ပါလာဆက်နွယ်နေပြန်သည်...ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ တစ်ဦးထဲရှိသောတူလေးကိုတော့ သူသာသဘောကျရင် ကောင်းမွန်သည့် ရေစက်ဖြစ်စေချင်ပါသည်။
.
.
.
.

"ထ ရေချိုးမယ် "

"ဟို...အရှေ့ကန်မှာခြေထောက်နှစ်ဆေးခဲ့တာ အန်တီမဆူလောက်ပါဘူးနော်"

"ဘာလို့ဆူရမှာလဲ မင်းဆေးတာမှမဟုတ်တာ ကိုယ်ဆေးပေးတာလေ"

"အွန်း ဒါပေမယ့်"

"ဒါပေမယ့်တွေမရှိဘူး ဆူစရာ ပြောစရာရှိရင်ကိုယ်ပဲပြောမယ် ကိုယ့်ကိုကျော်ပြီး မင်းကိုဘယ်သူမှပြောစရာမလိုဘူး"

အမုဏ်းသက်ပြင်းဖွဖွချလိုက်မိသည်... တော်တော်အားတတ်စရာကြီးပါ လုပ်ချင်ရာလုပ်ပြီး ဂရုမစိုက်သည့်နေရာတွင် နှစ်ယောက်မရှိ...၊
အမုဏ်းကိုနောက်ဖေးကနေချီခေါ်လာပြီး ရွံ့တွေပေနေလို့ဆိုကာ အိမ်ရှေ့တွင်အလှငါးမွေးထားသည် ရေကြည်ကြည်တွေထဲကို ချီကာခြေထောက်နှစ်လိုက်ဖော်လိုက်နဲ့ အတင်းငြင်းလည်းမရ ရွံ့တွေကို ပယ်ပယ်နယ်နယ်ဆေးပေးခဲ့တာ ....အဲ့ကန်လေးကို သန့်သန့်ရှင်းရှင်းဖြစ်အောင် တယုတယနဲ့ရေလှယ်နေသည့် အန်တီ့အကြောင်းကိုတွေးမိတော့ အမုဏ်းတံတွေးပင် မြိုချလိုက်မိသည်။

A MONNE / အမုဏ်း(COMPLETED)Où les histoires vivent. Découvrez maintenant