အပိုင်း(၃၈)

4.4K 154 1
                                    

ဒီနေ့ဆို မေမေဆုံးတာ ၄ရက်ပင်ပြည့်ခဲ့ပြီ 

ဂူသွင်းသင်္ဂြုလ်ပြီးနောက် အမုဏ်းလည်းခြေကုန်လက်ပမ်းကျသွားသလိုခံစားရ၏

မေမေ့နာရေးမှာ အမုဏ်းဘာမှမလုပ်ရပေမယ့် အသက်မရှိတော့သည့် မေမေ့ရုပ်ကလပ်တောင် အမုဏ်းနားတွင် ရှိမနေတော့ပေ 

အရင်က သားအမိသုံးယောက် ပျော်တစ်လှည့်ရွှင်တစ်လှည့် နေခဲ့ရတဲ့ဒီအိမ်လေးမှာ အမုဏ်းတစ်ယောက်တည်း ယောင်လည်လည်

ဘယ်နေရာကြည့်ကြည့် မေ့မေ့ပုံရိပ်လေးသာမြင်နေရသည် 

မေမေ့ကိုနောက်ထပ်ဘယ်တော့မှ မတွေ့ရတော့ဘူးဆိုတာ စဥ်းစားမိရင် အမုဏ်းနှလုံးသားတစ်ခုလုံး လောင်ကျွမ်းသွားသလိုခံစားရသည် 

ဒီအမှတ်တရတွေကို မတွေးဘဲမနေနိုင်သလို
မေမေ​သေသွားပြီဆိုတာကြီးက ဘယ်လိုမှလက်မခံနိုင်ခဲ့ပေ 
မနေ့တစ်နေ့ကအထိ စကားတွေပြောပြီး သားအမိတွေ ပျော်ပျော်ရွှင်ရွှင်ရှိနေခဲ့တာက ဒီနေ့မှာ​တော့ သုဿန်တစပြင်လ်ိုပင်
ဘယ်တော့မှ အစားပြန်ရတော့မှာ မဟုတ်တော့သည့် မေမေက အမုဏ်းတို့မောင်နှမအတွက် ခင်တွယ်ရာ အစားထိုးမရသူပင်

အမုဏ်းသည် မေမေဆုံးတာသိတဲ့နေ့က ဘယ်လိုမှလက်မခံနိုင်သလို ဘယ်လိုမှလည်း မယုံကြည်နိုင်ခဲ့ပေ 

ဒုတိယနေ့တွင်တော့ အမုဏ်းပြင်းပြင်းထန်ထန် မေ့လဲသွားသည်အထိပင် ယောကျ်ားလေးတန်မဲ့ငိုခဲ့မိ၏

၃ရက်လုံးလုံးငိုခဲ့ရာမှ အမုဏ်းအတွက်မျက်ရည်မရှိတော့ပေ 

အော်ဟစ်ငိုကြွေးပစ်လိုက်ချင်ပေမယ့် လည်ချောင်းဝတင်တစ်စို့နေခဲ့သည် 

အိမ်ထဲရှိပစ္စည်းအားလုံးသည် မေ့မေ့ခြေရာလက်ရာမပျက်ရှိနေသေးသလို အင်္ကျီလေး​တွေမှာ မေ့မေ့ကိုယ်အနံံံ့သက်​လေးတွေရှိနေသေးသည် 
ဒါတွေက အချိန်ကြာလာရင် မှေးမှိန်လာတော့မှာ 

အမုဏ်းအမေ့အင်္ကျီကို မျက်နှာအပ်ရင်း တစ်သိမ့်သိမ့်တုန်သည်အထိ ရှိုက်ငိုမိသော်လည်း မျက်ကရည်တစ်စက်မှပင်ကျမလာတော့ပေ

A MONNE / အမုဏ်း(COMPLETED)Donde viven las historias. Descúbrelo ahora