အပိုင်း(၃၃)

4.9K 192 3
                                    


"အုန်း....ခလွမ်!!"

"ရပ်စမ်း ဟိတ်ကောင်!!"

"ခွပ်"

ရုတ်ချည်းဆိုသလို နှုတ်ခမ်းထောင့်က စီးကျလာသော ပျစ်စေးစေးသွေးတွေကို ကောင်းမြတ်လင်းပိုင်က ခပ်ကြမ်းကြမ်းသုတ်ချလိုက်သည်

"မင်းက ဘာစောက်သုံးကျတာရှိလို့ အိမ်ကပစ္စည်းတွေကို ဖျတ်စီးနေတာလဲ... မွေးတည်းက ဟိုကောင်ထက် သာတာမရှိခဲ့တဲ့ ကောင်က ဘာမှဒေါသထွက်စရာ အကြောင်းမရှိဘူး"

"ဟုတ်တယ် သားအမှား ဒါပေမယ့် အဲ့ကောင် မာန်ကမ္ဘာမြေ ခွေးသားက သားကို ဒီလောက်ထိ လုပ်စရာမလိုဘူးမလား"

"ခွပ်"

ဦးစိုင်းမြတ်လင်း၏ လက်သီးသည် ကောင်းမြတ်လင်းပိုင်း၏ မျက်နှာပေါ်က ဒုတိယအချီ ထပ်ရောက်သွားပြန်သည်

"မင်းမှာ ဘာမှလက်ဆုပ်လက်ကိုင် မရှိသေးဘဲ ဘာလို့သွားပတ်သတ်ရတာလဲ မင်းလိုကောင်မျိုး မွေးထားမိတာ စောက်ရှက်ကွဲတယ်"

"အဖေ့လိုမျိုးလေ အဖေ့လို ကိုယျ့အဈကျိုကို မနာလိုဖြစ်ပြီး သူများမိန်းမကိုကြာကူလီလုပ်ချင်တာ"

"ခွပ် ခွပ်!!"

"ဟာကွာ...ငါလုပ်ရင် ဒီကောင်သေတော့မယ် ဟိတ်ကောင် မင်းငါ့ရှေ့က ထွက်သွားစမ်း စားဖို့စရိတ်အလုံအလောက်ကို ကတ်ထဲမှာ ထည့်ထားတယ် မြောက်ပိုင်းက အိမ်မှာ သွားရှောင်နေလိုက် ငါပြန်မခေါ်မချင်း မင်းပြန်မလာနဲ့"

ကောင်းမြတ်သီဟသည် ကြမ်းပြင်ပေါ်တွင်ရှိနေသော Cardကိုကြည့်ကာ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်

"ငါ့ဘဝပျက်စီးရင် မင်းဘဝလည်း ကောင်းကောင်းရှင်သန်ရမယ်မထင်နဲ့ မာန်ကမ္ဘာမြေ"

ကောင်းမြတ်သီဟ အခြေအနေသည် နေ့ချင်းညချင်း ခွေးဘဝရောက်ရလုနီးနီး ဖြစ်နေသည်
အစက အံ့အမုဏ်းချေက ယောက်ျာလေးတန်မဲ့ နုနုဖက်ဖက်လှနေတာမို့ မျက်စိကျမိရာက ဒီကောင်လေးပေါ်ထားတဲ့ မာန်ကမ္ဘာမြေ၏ သဘောထားကို သတိထားမိတော့ လုယူချင်စိတ်က တဖွားဖွားပင်ဖြစ်လာရသည်
သက်ရှိလူသား တစ်ယောက်အပေါ် မာန်ကမ္ဘာမြေရဲ့တပ်မက်မှုကို ပထမဆုံးမြင်ရသည်မို့ ဒီကောင့် အားနည်းချက်ကို အမိအရဆုပ်ယူရန် စဥ်းစားမိသည်
ဒါကြောင့်လည်း အံ့အမုဏ်းချေအကြောင်းကို စုံစမ်းပြီး သူ့အမေနှလုံးရောဂါကိုအကြောင်းပြပြီး အံအမုဏ်းချေကို ပ,ထုတ်ခဲ့တာဖြစ်သည်

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now