"boss လွှတ်အုံး လက်နာတယ်ဗျ"
မာန်သည် အပေါ်ထပ်ကနေ ရုံခန်းအထိအမုဏ်း၏လက်ကောက်ဝတ်ကနေ ဆွဲခေါ်လာခဲ့သည်
ရုံးခန်းထဲရောက်သည်နှင့် အခန်းတံခါးပိတ်ကာ အမုဏ်းကိုယ်ကို တံခါးဘက်ကို တွန်းကပ်လိုက်၏
ကျောထက်က အောင့်တတ်သွားသည့်ခံစားချက်နှင့်အတူ အမုဏ်းမျက်နှာလေး မဲ့သွားသည်"စဥ်းစားကြည့်မှ မင်းငါ့စကားကိုနားမထောင်ခဲ့တာပဲ"
အမုဏ်းသည် ဒေါသအနည်းငယ်ရောယှက်နေသော
ထိုလူကို ဘယ်လိုစကားမျိုးနဲ့မှ မတုန့်ပြန်မိ၊ နှုတ်ဆိတ်၍သာ ကြည့်နေမိသည်
အနားကိုတိုးကပ်လာသည့် ဖွံ့ထွားထွားကိုယ်ခန္ဓာနှင့် စူးရဲဖွယ်မျက်ဝန်းတစ်စုံကြောင့် အမုဏ်းမျက်နှာသည် တဖြည်းဖြည်းနှင့် သွေးရောင်လွှမ်းလာ၏"မင်းကိုငါဟိုနေ့ထဲက ငါနဲ့ပဲထမင်းစားရမယ်ဆိုတာက အဲ့ကောင်နဲ့မပတ်သတ်စေချင်လို့ပြောတာလေ မင်းကငါ့စကားကိုမရှိသလို သဘောထားပြီး အဲ့ကောင်နဲ့ထမင်းအတူတူစားဖို့ကို လက်ခံလိုက်တယ်ပေါ့"
"အဲ့လိုမဟုတ်"
"ဘာလို့မဟုတ်ရမှာလဲ မင်းငါ့ဆီမှာအလုပ်လုပ်တာ ဝန်ကျေတမ်းကျေပဲ တကယ်တမ်းကျ မင်းငါ့အကြောင်းနဲ့ငါ့စကားကိုနည်းနည်းလေးမှ ခေါင်းထဲမထည့်ထားဘူးပဲ"
သူကပဲပြောရတယ်ရှိသေး အဲ့နေ့က ကောင်းမြတ်လင်းပိုင်နဲ့ ထမင်းမစားစေချင်ရင် မပတ်သတ်စေချင်တာဆိုရင် တိုက်ရိုက်ပြောလေ အမုဏ်းကအကြားအမြင်ရနေတဲ့သူမှမဟုတ်ဘဲ သူမပတ်သတ်စေချင်မှန်း ဘယ်လိုလုပ်သိမှာလဲ နောက်ပြီး ဝတ်ကျေတန်းကျေတဲ့ အမုဏ်းဘယ်တော့မှ ဒီအလုပ်ကိုဖြစ်သလိုလုပ်ခဲ့တာမျိုးမရှိပါ
"ဖယ်ပါ အလုပ်လုပ်ရအုံးမယ်"
အမုဏ်းအရှေ့ကကာထားသည် မာန့်ကိုယ်လုံးကြီးကိုတွန်းဖယ်က ထွက်မည်ပြုတော့ သူ့ခါးကနေဆွဲကိုင်ခြင်းခံလိုက်ရပြီး မူလနေရာပြန်ရောက်သွားပြန်သည်
အမုဏ်းကျောကုန်းလည်း တံခါးနဲ့ခဏခဏရိုက်မိတာနဲ့အဆုပ်ကွာသွားမည်တောင် စိုးရိမ်ရ၏
"အင့်"
နူးညံ့မှုအလျင်းမရှိသည့် အရှိုန်နှုန်းနှင့်နှုတ်ခမ်းပါးတစ်စုံသည် အမုဏ်း၏နှုတ်ခမ်းကို ဖိကပ်လာ၏
YOU ARE READING
A MONNE / အမုဏ်း(COMPLETED)
Romanceမာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။