အပိုင်း(၂၁)

10.8K 516 87
                                    


ဖန်သားအထပ်ထပ်နှင့် ဆောက်လုပ်ထားသောစံအိမ်ကြီးသည် တဖျပ်ဖျပ်တောက်ပနေတာကြောင့် အမုဏ်းကိုယ့်ကိုကိုယ်သိမ်ငယ်သည်ဟုတောင် ခံစားရ၏
အဆောက်အဦးသည် သွယ်ဝိုက်ကွေ့ပတ်ကာ စနစ်တကျတည်ဆောက်ထား၏
ခြံရှေ့ကအ​ခြေအနေနဲ့ ဘယ်လိုမှမဆိုင်ပေ၊ လူတစ်ယောက်မှမတွေ့ပေမယ့် လူမနေတဲ့အိမ်တွေလို ရှုပ်ပွနေတာမျိုးနည်းနည်းလေးတောင်မရှိ၊

အခန်းပေါင်းများစွာကို ဖြတ်လာပြီးနောက်ဆုံးတွင် ချောင်ကျသောအခန်းတစ်နေရာကို ဝင်သွားသည်
အမုဏ်းထိုလူနောက်က ထပ်ကြပ်မကွာလိုက်လာရပေမယ့် ရင်ထဲတွင်တလှပ်လှပ်နှင့်
စိတ်ထဲတွင် ကြီးစိုးနေသည့်အတွေးက မေမုဏ်းယံပင်၊
ဒီအခန်းထဲမှာ တစ်ယောက်ထဲလား

တံခါးဖွင့်လိုက်သည်နှင့်မြင်လိုက်ရသည့် မြင်ကွင်းကရင်ဝကိုစောင့်ကန်လိုက်သလိုပင်

မိန်းကလေးတစ်ယောက်ကို ခုံပေါ်မှာလက်ပြန်ကြိုးတုတ်ကာ ပါးစပ်ကိုလည်းတိတ်နဲ့ကပ်ထား၏
ခေါင်းလည်းငိုက်စိုက်နေသည်၊

"ဒါဘာလုပ်တာလဲ"

အမုဏ်းဒေါသတကြီးအော်လိုက်မိသည်၊ ဒီလူဟာ တကယ်အောက်တန်းကျပါလား

မာန်က အမုဏ်းစကားကိုဂရုမစိုက်သူပမာ ခုံနောက်တွင်ရပ်နေသော သီဟနားကိုလျှောက်သွားလိုက်သည်

"ရောက်လာတာကြာပြီလား"

"နေ့ခင်းလောက်ကပါ"

"အိုကေ ​ငါ့ကိုကြိုးပေး သူ့ကိုဓာတ်ပုံအရင်ရိုက်ထားလိုက်"

တစ်ဝမ်းထဲမှာ တစ်ချိန်ထဲမွေးလာတဲ့အမုဏ်းတောင် ဒီလိုခံစားနေရရင် အမေသာသူသမီး ဒီလိုမျိုးကြိုးတုတ်ထားတဲ့ မြင်ကွင်းကိုမြင်ရင်ဘယ်လိုလုပ်ပါ့မလဲ။

သီဟက မာန်ခိုင်းတဲ့အတိုင်း ဓာတ်ပုံရိုက်ယူသည်၊ မျက်နှာတော့သိပ်မကောင်းပေ ထို့နောက်ကြမ်းပြင်ပေါ်တွင် ကျနေသော ကျစ်ကြိုးတစ်ချောင်းကိုယူကာ အမုဏ်းနားကိုလျှောက်လာတော့ မာန်က လက်ကာပြီးတားဆီးလိုက်၏
ထို့နောက် သီဟလက်ထဲက ကြိုးကိုယူပြီး အမုဏ်းဘက်ကိုလှည့်လာကာ

"မနာချင်ရင် ဒီတိုင်းဘဲငြိမ်ငြိမ်နေလိုက်"

အမုဏ်းက ခေါင်းကိုအမြန်ညိတ်ကာ

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now