အပိုင်း(၃၆)

4.2K 147 0
                                    


မေမုဏ်းယံသည် ခြံရှေ့ကနေ အိမ်ထဲကို ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်မိသည်

ခြံထဲတွင် ထွန်းထားသော မီးလုံးကလွဲရင် ကျန်တာတွေအကုန်ပိတ်ရက်သာဖြစ်နေတော့မှ သက်ပြင်းချလိုက်၏

သေချာပါတယ် ဒီအချိန်ဆို အမေအိပ်နေလောက်ပြီ

ဒီနေ့အမေက အိမ်ကိုစောစောပြန်လာခိုင်းတာကို ငယ်သူငယ်ချင်းတွေနဲ့တွေ့ပြီး တော်တော်နဲ့ စကားဖြတ်မရသည်က ညဥ့်နက်လုနီးပါးပင်

အမုဏ်းမရှိထဲက အိမ်မှာအမေတစ်ယောက်တည်းမို့ မေမုဏ်းယံလည်းအရင်ကလို ညဥ့်နက်တဲ့အထိ အပြင်မှာမနေတော့ပေ
အမေလည်း ဒီရက်ထဲ နေမကောင်းသည်မို့ အိမ်ကိုစောစောပြန်လာဖြစ်တာ ဒီနေ့တော့ အတော်လေးနောက်ကျသွား၏

မီးတွေပိတ်ထားလို့ အခုချိန်အမေအိပ်နေလောက်တော့မည်

ခြံတံခါးဖွင့်ကမယ်ကြံတော့ တံခါးကပွင့်ရက်သားဖြစ်နေသည်မို့ အမေသူစောစောပြန်လာမယ်အထင်နှင့် ဖွင့်ထားတာထင်ပါသည်

"အမေ့!!.

မေမုဏ်းယံဖုန်းမီး ကပြာကယာဖွင့်ကာ သူခလုတ်တိုက်မိသော အရာကိုထိုးကြည့်လိုက်မိသည်

"အ—"
မေမုဏ်းယံကမ္ဘာကြီးချာချာလည်သွားသလိုထင်လိုက်ရသည်
သူမခန္တာကိုယ်ကသွေးကြောတွေပင် ရပ်ဆိုင်းသွားသည်

"..မေ..မေ..အ..မေ..."

ပါးစပ်မှ တောင်စဥ်ရေမရတွေ အော်နေမိသည်

သူမအလွတ်ရနေသော အိမ်တိုင်အပေါ်နားရှိ မီးခလုတ်ကို ကပြာကယာဖွင့်လိုက်သည်
မီးအလင်းရောင်ထဲတွင် ရှင်းရှင်းလင်းလင်းမြင်လိုက်ရသော အမေ့ပုံကိုကြည့်ကာ အသက်ရှူရပ်မတန့်ဖြစ်သွားသည်
အမေက သွေးအိုင်ထဲတွင် ပျော့ခွေကာလဲနေ၏
အမေက အသံမျှင်းမျှင်းလေးရှူနေပြီး တစ်ခုခုကိုပြောချင်နေသလိုထင်ရသည်

မေမုဏ်းယံ အမေ့ဖြစ်သူ၏ အပေါ်ပိုင်းကိုအတင်းထွေးပွေ့လိုက်တော့ ဗိုက်ထဲမှသွေးများ ဒလဟောကျလာသည်

သူမအသက်ရှူသံတွေလည်း မမှန်တော့သလို ပါးစပ်ကလည်းဘာထွက်လို့ထွက်ရမှန်းမသိ လည်ချောင်းထဲတွင် တစ်စို့နေ၏

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now