အပ်ိုင်း(၂၃)

10.9K 494 86
                                    

မေမုဏ်းယံနိုးလာတော့ ပတ်ဝန်းကျင်ကိုသေချာဝေ့ဝဲကည့်လိုက်မိသည်
ရင်းနှီးနေသောမျက်နှာကျက်အနေအထားကိုမြင်မှ အသက်ရဲရဲရှုနိုင်တော့၏

စျေးထဲမှာ လူတစ်ယောက်အနောက်ကနေရောက်လာပြီး
နှာခေါင်းကို အဝတ်စတစ်ခုခုနဲ့အုပ်လိုက်ခြင်းခံရပြီးနောက် ခေါင်းတစ်ခေါင်းလုံးချာချာလည်ကာ ဘာမှမမှတ်မိတော့ပေ။
သတိရလာတော့ နံဘေးမှာသူမကို စိုးရိမ်တကြီးကြည့်နေသော အမေ့မျက်ဝန်းတွေနှင့်စုံ၏
မေသည် အတင်းကုန်းထလာကာအမေ့ကိုကျစ်ကျစ်ပါအောင် ဖက်ထားမိသည်
ဘာမှန်းမသိဖြစ်သွားသည့် အခိုက်အတန့်တွင် သူမနိုးထလာသည့်နေရာက အိမ်မဟုတ်လျှင်၊ အနားမှာရှိနေသူက အမေမဟုတ်လျှင် ဆိုသည့်အတွေးနဲ့တင်မျက်ရည်ကျလာရသည်

"သမီးဘယ်လိုပြန်ရောက်လာတာလဲဟင်"

အမေက သက်ပြင်းတစ်ချက် လေးလေးကန်ကန်ချ၏
မျက်လုံးအိမ်အတွင်းတွင် မျက်ရည်စတွေကပြည့်လာသည်

"အမေဟိုတစ်နေ့က ပြောပြတဲ့အကြောင်းလေ အဲ့ဒါသူ့သားက အမေ့ကိုလက်စားချေချင်နေတာ ကြားတဲ့ကမဆိုင်တဲ့အမေ့သားသမီးတွေက"

"အဲ့လိုမတွေးပါနဲ့အမေရယ် အမေ့အမှားတစ်ခါထဲမှမဟုတ်တာ သူတို့လည်းမကောင်းခဲ့တာပဲလေ"

"အဲ့လိုဆိုပေမယ့် အမုဏ်းလေးကကြားထဲကဒုက္ခရောက်နေရပြီ"

"ဟင် အငယ်ကောင်ပြန်မလာသေးဘူးလား"

"ဟင့်အင်း"

ဒေါ်ခိုင်ခိုင်ရီကပြောရင်း တစ်အင့်အင့်ရှိုက်ငိုတော့သည်
သမီးဖြစ်သူကို ဖြစ်ကြောင်းကုန်စင်ကိုလည်း ပြောမထွက်ပေ၊ ငယ်ရွယ်စဥ်ကမာနတစ်ခုထဲကြောင့်နဲ့ ရူးရူးမိုက်မိုက်ပြုလုပ်ခဲ့သည့် ကိစ္စတွေကသားနဲ့သမီးအပေါ်မှာ အန္တာရယ်တစ်ခုအဖြစ်ကျရောက်လာမှာကိုတော့ ဘယ်လိုမှမလိုလားပေ
သားနဲ့သမီးမျက်နှာမြင်ပြီးထဲက သူမရဲ့အတ္တတွေ ဒေါသတွေ မာနတွေအကုန်ချုပ်ငြိမ်းခဲ့တာ၊ ဒီမျက်နှာလေးနှစ်ခုကြောင့်ပဲ ကြိုးစားရုန်းကန်ခဲ့ရတာ၊ သားနဲ့သမီးသာတစ်ခုခုဖြစ်ရင် သူမရင်ကျိုးရလိမ့်မည်။

.
.
.

အမုဏ်းမနိုးခင် မာန်ရေထချိုးဖို့ပြင်လိုက်သည်
ဒီကောင်လေးနိုးလာမှပဲ သေချာရေချိုးခိုင်းရမည်

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now