"မင်းတူရဲ့ရူးကြောင်ကြောင်လုပ်ရပ်တွေကို မင်းကပါလိုက်ကာကွယ်ပေးနေတာလားအလင်း"
"ကျွန်မတူက ဘာတွေများရူးကြောင်ကြောင် လုပ်နေလို့လဲ ခိုင်ခိုင်ရီ့ကိုမုန်းလို့သူဒီလိုလုပ်တာ... ကမ္ဘာ့လုပ်ရပ်ကရူးကြောင်ကြောင်ဆိုရင် ကိုစိုင်းရဲ့လုပ်ရပ်တွေကရောဘယ်လောက်များ ဂုဏ်ဆာစရာရှိနေလို့လဲ....အစောကြီးထဲက အကိုသာအဲ့မိန်းမနဲ့မပတ်သတ်ရင် ဒီလိုအကြောင်းတွေ ရှိလာစရာအကြောင်းမရှိဘူး"
"အဲ့လိုဆိုတိုင်းဘဲ ကလေးဆန်ရလားကွ သူများသားသမီးကားတင်ပြေးတာ လူကြားလို့တောင်မကောင်းဘူး... အဲ့ကလေးကယောကျာ်းလေးမို့ပေါ့ မဟုတ်ရင်မင်းတူက မုဒ်ိန်းကောင်ဆိုပြီးယုန်ထင်ကြောင်ထင်စွပ်စွဲခံရတော့မှာ"
"ကမ္ဘာက အမွှာနှစ်ယောက်စလုံးကို ဖမ်းခေါ်သွားပြီးဘာလို့အဲ့ကောင်လေးကိုပဲခေါ်ထားလဲခုထိမသိဘူးမလား....
တစ်ခါမှ မမြင်ဘူးတဲ့ကမ္ဘာ့ပုံစံ ၊ ကမ္ဘာတစ်ခြားတစ်ယောက်ကို စိတ်ရှည်ရှည်နဲ့ဆက်ဆံတဲ့ ပုံစံကို စိုင်းမမြင်ဖူးဘူးမလား...""အဲ့ဒါဘာလို့ အကို့ကိုလာမေးနေတာလဲ မင်းတူအကြောင်းမင်းလည်းသိတာပဲ ငယ်ငယ်ထဲကဒီလိုပဲနေလာတဲ့ကောင်လေ"
ဖုန်းထဲတွင်အလင်းသူ၏ခပ်ဟဟရယ်သံကြားလိုက်ရသည်
"ကမ္ဘာကဒီကောင်လေးကို နူးနူးညံ့ညံ့ဆက်ဆံပြီး ဒီကောင်လေးနဲ့ဆိုပျော်နေတာ.... အဲ့ဒါကြောင့်လစ်လျှုရှုထားလိုက်ပါ အကိုလည်း အကို့သားပျော်တာမြင်ချင်တာပဲလေ"
"ဒါမယ့်နည်းလမ်းမကျဘူးလေ အလင်းရယ် သူ့မိဘဆီကဆွဲထုတ်ခံလိုက်ရတဲ့ ဒီကလေးကရော ကမ္ဘာနဲ့နေရတာကိုပျော်နေမှာတဲ့လား....သူ့အမေကရောဘယ်လိုလုပ်မလဲ....အစထဲကနှလုံးရောဂါအခံရှိတာ သူ့သားစိတ်နဲ့တခွေခွေဖြစ်နေရတာလေ"
"ကိုစိုင်းကအမြဲတမ်း ဘယ်သူနဲ့ယှဥ်ယှဥ် အဲ့မိန်းမဘက်ကနော်....အကို့သွေးသားကို မွေးထုတ်ပေးထားတဲ့အမျိုးသမီးနဲ့ဖြစ်ဖြစ် အကို့သားနဲ့ဖြစ်ဖြစ်လေ ၊ တစ်ခါလောက်ကိုယ့်သားဘက်ကို ပြန်ကြည့်ပေးပါလား... အဲ့မိန်းမကဘာများကောင်းနေလို့လဲ"
YOU ARE READING
A MONNE / အမုဏ်း(COMPLETED)
Romanceမာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။