အပိုင်း(၈)

9.7K 524 23
                                    


တစ်နေကုန် စာရင်းဇယားတွေနှင့် ယားလို့တောင် မကုတ်အားနိုင်
အတွက်အချက်ပိုင်းမှာ တော်လွန်းသူလည်း မဟုတ်တာကြောင့် ကွဟလစ်ဟင်းမှုမရှိအောင် သေချာအာရုံစိုက်နေရ၏။

နံရံက နာရီကိုတစ်ချက်ကြည့်မိတော့မှ အမုဏ်းမဆိုင်းမတွ မတ်တပ်ထရပ်လိုက်ရသည်။

'ဘုရားရေ ၆နာရီတောင်ခွဲနေပြီ '

ရုံးဆင်းချိန်က ၄နာရီခွဲ ၊ ယခုတွင် ၇နာရီပင် ထိုးတော့မည်။
အမုဏ်းသည် ကသန်းကယမ်းနှင့် စားပွဲပေါ်က စာရွက်စာတန်းတွေကို ကောက်ထပ်လိုက်၏။
ထို့နောက် ဖိုင်ထဲကို သေသေချာချာဖြစ်အောင် အမြန်လေး ကလစ်နဲ့ တွဲရသည်။

'ရုံထဲမှာ လူတောင်ရှိပါအုံးမလား '

"ဦးလေး ခဏ ခဏ "

တံခါးပိတ်ရန် ပြင်နေသော သန့်ရှင်းရေး ဦးလေးကြီးဆီ အမုဏ်း အပြေးအလွှားရောက်သွားရသည်။

မိုးတွေက မှောင်မဲလာ၏ မ်ိုးအရမ်းမချုပ်​သေးသော်လည်း ရာသီဥတုအခြေအနေကြောင့် ပတ်ဝန်းကျင်မှာ အတော်လေးမဲမှောင်နေသည်။

'တော်သေးတာပေါ့ လမ်းမီးတွေ ထိန်ထိန်လင်းနေလို့'
ကုမ္မဏီက ferryကားလည်း မရှိတော့သလို taxiတွေလည်း လူတွေ ပြည့်နေ၏။

ရုတ်တရက် ရွာချလာသည့် မိုးကြောင့် အမုဏ်း ဘယ်နေရာဝင် ပုန်းခိုရမှန်းမသိ...ထီးကလည်း ရုံးခန်းတွင် မေ့ကျန်ခဲ့သည်၊
လက်ထဲတွင်လည်း မပြီးပျက်နိုင်သေးသော စာရင်းဇယားတွေ အထုတ်လိုက်နှင့်။

ဖိုင်တွေရေမစိုအောင် ရင်ခွင်ထဲအတင်းပိုက်ကာ မှတ်တိုင်နားရောက်အောင် အမြန်ပြေးရသည်
ဝတ်ထားသည့် ပုဆိုးမှာလည်း ရှည်လွန်းတာကြောင့် လမ်းလျှောက်ရတာ ကသီလှ၏။

ကားလမ်းပေါ်က အရှိုန်ပြင်းစွာ မောင်းနေသော
ကားတစ်စီးသည် ရုတ်တရက် ပလပ်ဖောင်းပေါ်တတ်ကာ အမုဏ်းရှေ့တွင် ဘရိတ်နှင်းလိုက်၏။

ကျွီးးး!!

အားးးး!!!

အမုဏ်းစိတ်အာရုံက ကြောက်စိတ်ကြောင့် ခေတ္တပျောက်သွားခဲ့သည်ကာ လက်ထဲမှ ဖိုင်တွဲတွေကို မေ့ပြီး လွှတ်ချမိလိုက်သည်။

A MONNE / အမုဏ်း(COMPLETED)Donde viven las historias. Descúbrelo ahora