အပိုင်း(၂)

13.5K 650 8
                                    


"ကျွန်တော် ခင်ဗျားသူငယ်ချင်းကိုလည်း မသိဘူး
ဘယ်သူ့ကိုမှလည်း မတူသလို မတန်သလို ဆက်ဆံခဲ့ဖူးတာမျိုးလဲ မရှိဘူး၊ ခင်ဗျားမြင်တဲ့အတိုင်း
အဲ့လို ဆက်ဆံနိုင်လောက်တဲ့ အထိလည်း ကျွန်တော်က
ပြည့်စုံနေတာမှ မဟုတ်တာ"

အမုဏ်းက သူတို့အိမ်ကို မေးငေါ့ပြကာ ကားပေါ်က ဆင်းမယ်ပြု၏။

"နေအုံး "

အမုဏ်းကောက်ဝတ်နုနုသည် ထပ်မံကာဆောင့်ဆွဲလိုက်ပြန်သည်။

"မင်းက ဘယ်လိုတွေ မြူစွယ်နေလို့ ဟိုကောင်က ယောကျာ်းကြီးတန်မဲ့ မင်းကိုစွဲလမ်းနေတာလဲ "

"ဟမ်"

ယောကျာ်းကြီးဆိုတာ ကြားတော့ ပိုလို့ပင်အံ့သြသွားရသည်။

"တစ်စိတ်လောက် ခင်ဗျားကျိန်းသေပေါက် လူမှားနေပြီ"

မာန်က အမုဏ်းရဲ့ လက်ကောက်ဝတ်ကို ဆွဲထားရမှ စောင့်ပြီး လွှတ်ချလိုက်သည်။
အမုဏ်းက နှုတ်ခမ်းပါးရဲရဲကို ခပ်ကြိတ်ကြိတ် မသိမသာ
ကိုက်လိုက်သည်။
လူကို ဆက်ဆံနေတာတောင် ဟုတ်ရဲ့လားမသိတော့၊ ဆောင့်ကြီးအောင့်ကြနဲ့ တိရစ္ဆာန်လို ဆက်ဆံနေသည်။

လူကို စူးစူးဝါးဝါးနဲ့တကိုယ်လုံးစိုက်ကြည့်နေသေး၏။

" ခင်ဗျားလာရှာတဲ့သူက မုဏ်းလား အမုဏ်းလား"

မာန်က တစ်ချက်စဥ်းစားဟန်ပြုကာ

"အမုဏ်း"

"အမုဏ်းက ကျွန်တော်မဟုတ်ဘူး ကျွန်တော်က မုဏ်းပါ"

စေ့ရုံသာ စေ့ထားသော ကားတံခါးကို အမြန်တွန်းထုတ်ရင်း အမုဏ်း ခြံထဲကို မပြေးရုံတမယ် ဝင်သွားလိုက်၏။

ပြန်လှည့်မကြည့်ရဲတော့ပါ၊ ကားပေါ်က ထိုလူ သူ့ကို ဘယ်လိုမျက်လုံးတွေနဲ့ ကြည့်နေမလဲမှ မသိတာ။

ခြံထဲမှာတောင် ဆက်ပြီး အမှိုက်မရှင်းဖြစ်တော့။ အိမ်ထဲကိုသာ တန်းဝင်လာလိုက်သည်။
စောစောက အ​ခြေအနေတွေကို ပြန်တွေးတိုင်း တုန်လှုပ်မိသည်။ သူလည်း ယောကျာ်းသားတစ်ယောက် ဖြစ်နေပါလျှက်နဲ့ ဘာမှပြန်မလုပ်နိုင်ဘဲ ထိုလူရဲ့ ဆွဲလားရမ်းလားနဲ့ ဆောင့်ကြီးအောင့်ကြီးနဲ့ ဆက်ဆံတာခံလိုက်ရသည်။

A MONNE / အမုဏ်း(COMPLETED)Donde viven las historias. Descúbrelo ahora