အပိုင်း (၉)

9.1K 482 18
                                    


မာန်သည် ကားနောက်ခန်းမှ ပုဆိုးကို ထုတ်ကာ အမုဏ်းဆီ လှမ်းပေးလိုက်သည်။

"ငါပုဆိုးမဝတ်လို့ အိမ်မှာမရှိဘူး လာရင်းနဲ့ လမ်းမှာဝယ်လာတာ"

အမုဏ်းမှာ ပေါင်ပေါ်ကိုရောက်လာသည့် ပုဆိုးကိုကြည့်ရင်း ဘာပြောရမှန်းတောင် မသိတော့ပေ။

စောစောက လူကို လုပ်ချင်သလိုလုပ်သွားတာက
ဒီပုဆိုးတစ်ထည်အတွက် အပေးအယူလား
ဒီတိုင်းပေးတော့ ဘာဖြစ်မှာမို့လဲ
အမုဏ်းက ယောကျာ်းလေးမို့ သူ့မျက်လုံးထဲမှာ လွယ်လွန်းနေလား မသိ၊

"ရုပ်က မုန်ကုပ်ကုပ်နဲ့ ဘာဖြစ်ပြန်လဲ မြန်မြန်ဝတ် မဟုတ်ရင် စောစောကလို"

"တော်ပါတော့ လဲမယ်ဗျာ"

အမုဏ်းစောစောက အကြောင်းကြီးကို ပြန်ကိုမစဥ်းစားချင်တော့ပါ။

မာန်သည် ကားထဲကနေ ပုဆိုးစကို ကပိုကရိုနှင့်ဆွဲထွက်သွားသော အမုဏ်းကို မျက်စိတစ်ဆုံး လိုက်ကြည့်နေမိသည်။

ပုဆိုးမနိုင် ပဝါမနိုင်နဲ့...လူကလည်း ကယမ်းကယိုင်

ကျစ် နမ်းတာလေးတောင် ဒီလောက်ပျော့ခွေနေရင် တစ်ခြားအခြေအနေမျိုးမှာသာ ကြမ်းမိရင် မလွယ်ဘူး

မာန် ကိုယ့်အတွေးနဲ့ကိုယ် ပီတီတီဖြစ်သွားရသည်။

မာန်က ဒီကောင်လေးအမြင်မှာ နှာဗူးဖြစ်နေမှာ ကျိန်းသေသည်...ကိုယ်တိုင်လည်း စဥ်းစားမရတာက မာန်ဘာလို့ ဒီကောင်လေး ဒီလိုတွေလုပ်နေမိတာလဲဆ်ိုတာပင်
သူ့ကိုမြင်ရင် နမ်းချင်သည် နမ်းမိရင်လည်း ဒီထက်ပိုတိုးပြီးလိုချင်ပြန်သည်။

"ကျစ် ငါလိုးမဒုက္ခ"

လမ်းရောက်တော့ ဘေးနားက အဝတ်ရေစိုထုပ်ဆီအကြည့်ရောက်သွားသည်။

'နမော်နမဲ့နဲ့ '

မာန် ထိုအထုပ်ကို ကားမှန်ပြတင်းပေါက်ကနေ ပစ်ချလိုက်သည်။

ညဥ့်က နက်လာသည်၊ မိုးကလည်း သဲကြီးမဲကြီးရွာနေ၏။
လျှပ်စီးတဝင်းဝင်းနဲ့ ဒီမိုးရာသီညတွေဆိုရင် မာန်တစ်ညလုံးအိပ်လို့မပျော်၊

အမှန်တကယ်ပင် အသက်ရှုကြပ်လှသည်၊ အတိတ်ကပုံရိပ်တွေက ဝိုးတိုးဝါးတား ၊ ဒေါက်ဖိနပ်သံ တဂွပ် ဂွပ်က မာန့်နားထဲတွင် ပဲ့တင်ထပ်နေသည်။
အမျိုးသမီးတစ်ယောက်၏ စူးစူးဝါးဝါးအော်သံတွေ ၊ ပုလင်းတွေ မှန်တွေ ရှိရှိသမျှအရာဝတ္ထုသည် သမံတလင်းနှင့် ရိုက်ခတ်ကာ ကွဲကြေသံတွေက မာန့်နားထဲတွင် ​ကျက်သီးထဖွယ်။
မာန်၁၅နှစ်သားအရွယ်မှာ လူတစ်ယောက်ကို သတ်ပြစ်ချင်လောက်တဲ့အထိ မုန်းခဲ့ခြင်း၊ တရားဥပဒေကသာ အရေးမယူခဲ့ရင် မာန်ထိုအမျိုးသမီးကို သေချာပေါက် သတ်ပြစ်ခဲ့မိမှာ၊ သူ့အမေကို စိတ်ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ ဒီအမျိုးသမီးကို။

A MONNE / အမုဏ်း(COMPLETED)Where stories live. Discover now