"နေရာကြီးကလည်း စုတ်ပြတ်နေတာပဲ""နင့်ဘယ်သူက လာခိုင်းနေလို့လဲ စုတ်ပြတ်နေရင် ထွက်သွား"
ဆံပင်ကျောလယ်လောက်ကို တစ်လွှားလွှားလုပ်နေသော ယိမ်းမြတ်ကေသာကို ကောင်းမြတ်လင်းပိုင်က ပိတ်အော်လိုက်သည်
မိန်းကလေးမို့ စကားအပြောအဆို ဆင်ခြင်ရအောင်လည်း သူနဲ့ကိုယ်က အတွင်းသိအဆင်းသိ ဖြစ်ခဲ့ဖူးတာပင်
Exဆို ဘယ်Exမှမကောင်းတာမို့ ကောင်းမြတ်လင်းပိုင်အတွက် ဒီအမျိုးသမီးကလည်း ထို့နည်းလည်းကောင်းပင်မာန်ကမ္ဘာမြေနဲ့ သူတို့နှစ်ယောက်သည် ငယ်ငယ်တည်းက ကစားဖော်ကစားဖက်ဖြစ်ခဲ့သည်
ပျိုဖော်ဝင်အရွယ်တည်းက မာန်ကမ္ဘာမြေကိုသာ စိတ်ဝင်စားသော သူမသည် မာန့်ဆီက အာရုံစိုက်မှု၊ မာန့်တုန့်ပြန်မှုကို လိုချင်လို့ ကောင်းမြတ်လင်းပိုင်နဲ့ တွဲခဲ့ခြင်းဖြစ်လေသည်မာန်က ဘယ်လိုပုံစံမျိုးနဲ့မှ မတုန့်ပြန်သလို သူတို့နှစ်ယောက်တွဲသွားသည်ဆိုတာကို နည်းနည်းလေးတောင် အံ့သြမပြခဲ့ပေ၊ ထို့ကြောင့် ယိမ်းမြတ်ကေသာက အစကတည်းက မကြိုက်ခဲ့သူ ကောင်းမြတ်လင်းကိုလည်း အကြောင်းရှာပြီး ဖျတ်လိုက်ခြင်းဖြစ်၏
"ငါ့ကို မအော်စမ်းပါနဲ့"
"နင်ဒီနေရာကို ဘယ်လိုသိပြီးရောက်လာတာလဲ"
"အန်ကယ့်ကို မေးလာတာ စိတ်ချပါ ငါ့ဘယ်သူ့မှပြန်မပြောဘူး"
"ငါက ယုံမယ်ထင်နေလား နင့်လင်သာမေးရင် နင်အကုန်
ပြန်ပြောမှာလေ""အဟင်း ငါလင်တော့ မဖြစ်သေးပါဘူး"
"လင်တရူးမ"
"နင်မိုက်ရိုင်းလိုက်တာ ယောက်ျားတန်းမဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုတောင်ပြောတာလဲ"
"ငါက နင့်ကို မိန်းကလေးလို့ မြင်မယ်ထင်နေလား စောက်ရူးလိုရင်ခုန်တတ်စမှာ နင်လှည့်စားတာကို ခံခဲ့ရတဲ့ကောင်ကွ နင့်လိုလူမျိုးကို ငါက မိန်းမတစ်ယောက်လို့ မြင်အုံးမယ်ထင်နေလား"
"အဲ့ကိစ္စအတွက် ဆောရီးပါ ပြီးခဲ့တာတွေလည်း ပြီးနေပြီပဲ ငါအခုဒီအထိ လိုက်လာတာက နင့်ကိုကူညီပေးမလို့"
YOU ARE READING
A MONNE / အမုဏ်း(COMPLETED)
Romanceမာန်ကမ္ဘာမြေ🖤အံ့အမုဏ်းချေ ဤဇာတ်လမ်းပါ အကြောင်းအရာနှင့်ဖန်တီးမှုများသည် စာရေးသူ၏စိတ်ကူးယဥ်သက်"သာဖြစ်သည်။