Chapter-6

825 70 0
                                    

Unicode

မွေးနေ့ကိတ်ခွဲပြီးတော့ ‌အတော်လေးညဉ့်နက်နေပြီမို့ ယွီရင်က ရှောင်းကျန့်တို့မောင်နှမကို ၀မ်အိမ်တော်မှာပဲအိပ်စေတယ်။
ရှောင်းကျန့်က ရိပေါ်အခန်းမှာအိပ်ဖို့ကျန်ခဲ့ပြီး ချန်းချန်းက ယွီရင့်အခန်းမှာလိုက်အိပ်တယ်။

ကုမ္ပဏီအလုပ်တွေအပြင်၊ကိတ်မုန့်ပါလုပ်လိုက်ရတာကြောင့် တစ်နေကုန်ပင်ပန်းနေတဲ့ရှောင်းကျန့်က အိပ်ယာပေါ်တန်းတက်ပြီးအိပ်ဖို့လုပ်တယ်။

"ကိုကို ခြေလက်မ‌ဆေးတော့ဘူးလား"

"အင်း ကိုကိုဒီမလာခင်တုန်းကရေချိုးခဲ့ပြီးပြီ၊ဒီတိုင်းပဲအိပ်လိုက်တော့မယ်"

တစ်ပတ်လုံးမတွေ့ရပဲ ခုနကမှတွေ့ရတာကို မျက်နှာလေးတောင် အ၀မကြည့်ရသေးခင် ကုတင်ပေါ်မှောက်လျက်သားအိပ်နေတဲ့ကိုကို့ကြောင့် ရိပေါ်စိတ်ထဲဘ၀င်မကျ။

"ကိုကို မအိပ်နဲ့ဦး၊ခုနက ကိုကိုတို့ကျွန်တော့်ကို လန့်အောင်လုပ်ထားလို့ မျက်စိကြောင်နေပြီ၊ကျွန်တော်မအိပ်ခင်ထိစကားကူပြောပေး၊ကိုကို့ကို ပြောစရာတွေအများကြီးရှိတယ်"

"နောက်နေ့မှပြောကြမယ်လေ၊အခု ကိုကိုအရမ်းနားချင်နေပြီ၊ရိပေါ်လည်းအိပ်တော့၊ညဉ့်နက်နေပြီကို"

"မရဘူး ပြောဦးမှာ၊ဒီဘက်လှည့်ပါဗျာ"

လက်မောင်းကိုအတင်းဆွဲကာ ကလေးလိုတတွတ်တွတ်ပူဆာနေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ကပဲအလျှော့ပေးပြီး ရိပေါ်ဘက်ကိုလှည့်လိုက်တယ်။

မျက်နှာချင်းဆိုင်အနေအထားအတိုင်း လှဲလျက်သားမလို့ နှစ်ဦးသားရဲ့မျက်နှာကအင်မတန်နီးကပ်နေတယ်။

အနီးကပ်မြင်နေရတဲ့ ရှောင်းကျန့်ရဲ့မျက်နှာချောချော ‌ကိုကြည့်ရင်း ရိပေါ်တစ်ယောက်ရင်ခုန်သံတွေကိုမထိန်းချုပ်နိုင်။
တဒိန်းဒိန်းနဲ့အခုန်မြန်လွန်းနေတဲ့စည်းချက်တွေကို တစ်ဖက်ကကြားသွားမှာစိုးရိမ်နေမိတယ်။

"ကဲ ပြောပါဗျာ၊ကျွန်တော်မျိုးကြီးနားထောင်ပေးပါ့မယ်"

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now