Unicode
လေဆိပ်ကိုရောက်တော့ ရိပေါ် တို့ကို မဒီလေးတွေက ကွက်ကြည့်ကွက်ကြည့် ကြည့်ရင်းအချင်းချင်းတီးတိုးပြောနေကြတယ်။
"ဟဲ့ ဟိုတစ်ယောက်က၀မ်အိမ်တော်ရဲ့အငယ်ဆုံးသခင်လေး ၀မ်ရိပေါ်မလား၊သူ့ဘေးကဘယ်သူလဲ"
"Xiao Group ရဲ့ CEOအသစ်လေဟယ်၊အပြင်မှာလည်း ချောလိုက်တာ"
"Bodyကလည်း modelကျနေတာပဲ ၊ငါနဲ့ဆို ရင်ခွင်မှီလေးဖြစ်နေမှာ အဟိ"
"နှစ်ယောက်လုံးကချောချက်ပဲ၊ဒါပေမယ့် အစ်ကိုကပိုပြီးကြည့်ကောင်းတယ်နော်"
"မောင်လေးကလဲချစ်စရာလေးပါဟ၊ငယ်သေးလို့ ကလေးရုပ်ကလေးဖြစ်နေတာ"
ဘေးက တီးတိုးအသံတွေကို နားစွင့်နေတဲ့ရိပေါ်ကကြားနေရတာမလို့ ဒေါသကငယ်ထိပ်မှာ။
ဒီအချိန် လက်ထဲမှာစကိတ်ဘုတ်ပါလာရင် ရှောင်းကျန့်ကိုဘူးနေကြတဲ့ မိန်းကလေးတွေကို စကိတ်ဘုတ်နဲ့ကောက်ရိုက်လိုက်ပြီ။
ရိပေါ် ရှောင်းကျန့်ကိုကြည့်လိုက်တော့ ဖုန်းscreen ကိုကြည့်ရင်းဆံပင်ကို သ,နေလေရဲ့။
"အဟမ်း....တော်ရုံပဲလုပ်"
"အမ်!ဘာကိုလဲ"
"ဒီတိုင်းလည်းချောနေတာမလို့ ဆက်မပြင်နဲ့တော့လို့ပြောတာ"
"ပြင်တာမဟုတ်ပါဘူးကွာ၊ဆံပင်တွေပွနေသလားလို့ပါ"
"ခက်တယ်၊ကိုကိုနဲ့တော့တကယ်ခက်တယ်"
"!!"
"ကိုကိုကperfectဖြစ်လွန်းလို့ ဘယ်နားဖွက်ထားရကောင်းမလဲဆိုတာတကယ်ခက်တယ်"
"အာ!"
ရှောင်းကျန့်ကတော့ ရှက်ဝဲဝဲနဲ့ထရယ်ရင်း မျက်နှာကိုအောက်ကိုငုံ့သွားတယ်။
ရှက်နေတဲ့လူကြီးရဲ့ပုံစံကိုကြည့်ပြီး အနီးနားကမိန်းကလေးတွေဆီကအသံတွေစီထွက်လာကြောင့် ရိပေါ်ရဲ့အရွဲ့တိုက်ချင်စိတ်လေးတွေကလည်း အတိုးအဝှေ့ကန်ထွက်လာတယ်။
ခေါင်းငုံ့ပြုံးနေသူကြီးရဲ့ပါးကို ရိပေါ်ကနှာခေါင်းနှစ်မြှုပ်ပြီးနမ်းပြလိုက်တော့ တစ်ဖက်လူကအရမ်းအံ့ဩသွားတဲ့ပုံပင်။
YOU ARE READING
Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)
Fanfictionအဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။ #Zhanyi fanfiction❣️ အဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။