Chapter-36

2.3K 171 3
                                    

Unicode

ရိပေါ်တစ်ယောက် အန်နာ့ကိုရွဲ့ချင်စိတ်ကြောင့်သာ ရှောင်းကျန့်ပွေ့ချီထားတဲ့အတိုင်းအသာတကြည်လိုက်လာခဲ့ပေမယ့် တဖြေးဖြေးနဲ့ရှက်မိသား။

ရိုက်ကွင်းမှာဆို ကိုယ်ကချည်းမင်းသမီးတွေကိုပွေ့ချီရတာဆိုတော့ အခုလိုကြီးအချီခံထားရတော့ တစ်မျိုးပဲ။

ရိပေါ် ရှောင်းကျန့်မျက်နှာကိုမော့ကြည့်လိုက်တော့ နူးနူးညံ့ညံ့ပြုံးရင်းပြန်ကြည့်လာတဲ့ရှောင်းကျန့်အကြည့်တွေကြောင့် မျက်နှာတောင်ဘယ်ထားလို့ထားရမှန်းမသိ။

အရမ်းနီးကပ်နေတဲ့အနေအထားကြောင့် ဘယ်ဘက်ရင်အုံထဲကတဒိန်းဒိန်းခုန်နေတဲ့အသံတွေကိုတစ်ဖက်လူကြားသွားမှာစိုးရိမ်လို့အောက်ကိုဆင်းချင်ပေမယ့် ရှောင်းကျန့်လည်ပင်းကိုသိုင်းဖက်ထားမိတဲ့လက်တွေကတော့ ရိပေါ်ရဲ့အမိန့်ကိုမနာခံဘဲဖက်မြဲတိုင်းဖက်ဆဲပင်။

နွေးထွေးတဲ့ရင်ခွင်ထဲမှာမျက်နှာအပ်ရင်း ‌ရှောင်းကျန့်ရဲ့ကိုယ်သင်းနံ့သင်းသင်းကိုခိုးယူနမ်းရှိုက်မိတော့ ခုနပြေးထားတုန်းကအမောတွေအကုန်ပြေသွားသလိုပဲ။

နားဖျားဆီကိုတိုးဝှေ့၀င်ရောက်လာတဲ့ ရှောင်းကျန့်ထံမှနှလုံးခုန်သံတွေနဲ့ ရိပေါ်ရဲ့ရင်ခုန်သံ‌တွေ ထပ်တူကျနေတာက ကာရန်ညီ‌အချစ်သံစဉ်တစ်ပုဒ်အလား။

Xiaoအိမ်တော်ကိုရောက်တော့ ရှောင်းကျန့်ကရိပေါ်ကိုချီလျက်သားအတိုင်းအရင်၀င်သွားပြီး ချန်းချန်းနဲ့အန်နာက နောက်ကလိုက်၀င်လာတယ်။
ဧည့်ခန်းဆီရောက်တော့ ရှောင်းကျန့်ကရိပေါ်ကို နှစ်ယောက်ထိုင်ဆိုဖာရှည်တစ်ခုပေါ်ကိုချထားခဲ့ပြီး ထ,ထွက်သွားတယ်။

အဲ့အချိန်မှာ ချန်းချန်းကရိပေါ်အနားရောက်လာပြီး အသံတိုးတိုးနဲ့

"ဟဲ့!၀မ်ရိပေါ်...နင်ကလေ မင်းသားလို့မပြောရဘူး! သရုပ်ဆောင်သိပ်ကောင်း"

"ငါဘယ်မှာသရုပ်ဆောင်နေလို့လဲ"

"အောင်မာ!နင် ဒီဒဏ်ရာလေးလောက်နဲ့လမ်းတောင်မလျှောက်နိုင်ဖြစ်သွားတယ်လို့မပြောနဲ့နော်..ငါမယုံဘူး..နင်စကိတ်စီးတိုင်းဒီထက်မကတဲ့ဒဏ်ရာတွေရတာတောင် ဘာမှမဖြစ်ပဲနဲ့"

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now