Unicode
ရှောင်းကျန့် အစည်းအဝေးခန်းထဲကထွက်လာပြီး
ရုံခန်းထဲရောက်တာနဲ့ ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချရင်း လက်ဖဝါးနှစ်ဖက်နဲ့မျက်နှာကိုပွတ်သပ်လိုက်တယ်။"ရှောင်းကျန့် မင်းဘာဆက်လုပ်ဖို့စဉ်းစားထားလဲ၊အမြန်လှုပ်ရှားမှရတော့မယ်ထင်တယ်"
"အေး..ငါအစီအစဉ်ပြောင်းရတော့မယ်၊ဒီလောဘကြီးတဲ့အဘိုးကြီးတွေက ဘယ်အချိန်စိတ်ထပ်ပြောင်းဦးမလဲဆိုတာမသိနိုင်ဘူး"
"သူတို့ကို အကျိုးအမြတ်တခုခုအမြန်ဆုံးချပြနိုင်ရင်အဆင်ပြေပြီ"
"အင်း ငါUKကprojectကိုအမြန်ဆုံးအကောင်အထည်ဖော်မှဖြစ်မယ်"
"ဒါဆို...မင်း.."
"UKကိုသွားမယ့်အချိန်ကိုရှေ့တိုးလိုက်တော့မယ်"
"ဒါပေမယ့်...ဟိုကလေးနှစ်ယောက်ကရော"
"ဟူး...နားလည်အောင်ပြောရမှာပေါ့ကွာ"
"အေးပါ၊သူတို့ကမင်းစကားဆိုနားထောင်ပါတယ်၊ဒီကအလုပ်တွေတော့ငါ့တာ၀န်သာထား "
" ကျေးဇူးပါ သူငယ်ချင်းရာ၊ဒါနဲ့..ငါမင်းကိုတိုင်ပင်စရာရှိတယ်၊အလုပ်ကိစ္စတော့မဟုတ်ဘူး...personal"
"အေး ပြော"
ကျန်းချန်ကို ကားပါကင်မှာဖြစ်တဲ့ကိစ္စကိုအကုန်ပြောပြလိုက်တော့
"ဟေ! ဒါဆို ရိပေါ်ကမင်းကိုကြိုက်နေတာပေါ့"
"အင်း"
"မင်းကရော..."
"..........."
ရှောင်းကျန့်မှာဖြေစရာစကားမရှိ။
စားပွဲပေါ်ကပန်းအိုးကိုသာအကြည့်တွေပို့ထားမိတယ်။"ဒီလောက်ဆိုငါသိပါတယ်ကွာ၊မင်းလဲရိပေါ်ကိုချစ်နေတယ်မလား"
"အင်းးး၊ငါ သူ့ကိုအရမ်းချစ်တယ်"
"ဒါဆို ဖွင့်ပြောလိုက်တော့လေ"
"အဲ့ဒါက @#&#"
ကျန်းချန်နဲ့ ခနလောက်စကားပြောပြီးတော့ ရင်ထဲမွန်းကြပ်နေတာတွေကနည်းနည်းသက်သာသွားတယ်။
အဲ့ဒီနောက် ကျန်းချန်က အလုပ်ကိစ္စနဲ့အပြင်ထွက်သွားတာမလို့ ရုံးခန်းထဲမှာရှောင်းကျန့်တစ်ယောက်တည်းကျန်ခဲ့တယ်။
YOU ARE READING
Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)
Fanfictionအဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။ #Zhanyi fanfiction❣️ အဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။