Chapter-22

1.9K 143 3
                                    

Unicode

ပူနွေးသောနေရောင်ခြည်က အခန်းတွင်းကိုကျူးကျော်ကာ ရိပေါ်အိပ်နေတဲ့ကုတင်ပေါ်ကိုဖြာကျနေတယ်။

မျက်နှာကိုထိုးလာတဲ့နေရောင်ကြောင့် ရိပေါ်ရဲ့မျက်ခုံးတွေတွန့်ချိုးပြီးနိုးလာတယ်။

မျက်လုံးဖွင့်လိုက်တာနဲ့ ပထမဦးဆုံးသတိရတာက
ရိပေါ်ရဲ့ချစ်ဦးသူ ကိုကို့ကို။

ကုတင်ဘေးကစားပွဲပေါ်မှာတင်ထားတဲ့ဖုန်းကိုလှမ်းယူပြီးဖွင့်လိုက်တော့ မြင်ရတဲ့ Wallpaperက သူနဲ့ကိုကို Changshaကဆိုင်တဆိုင်မှာရိုက်ထားတဲ့ နှစ်ယောက်တွဲselfieပုံလေး။

No.1ကိုဖိနှိပ်လိုက်တော့ '❤️ကိုကို❤️' ဆိုတဲ့ contact nameလေးပေါ်လာပြီးတစ်ဖက်ကိုဖုန်း၀င်သွားတယ်။

"ဟဲလို"

ဖုန်းဆီကထွက်ပေါ်လာတဲ့အသံက ရိပေါ်ကိုကြည်နူးသွား‌စေတာမလို့ နှုတ်‌ခမ်းလေးတွေတွန့်ကာပြုံးလိုက်ရင်း

"ဟဲလို ကိုကို"

"နိုးပြီလား ကလေး"

"ဟုတ် ခုပဲနိုးတာ၊နိုးနိုးချင်းကိုကို့ကိုသတိရလို့"

"ကိုကိုလဲ နိုးတည်းကသတိရနေတာ၊ကလေးအိပ်ရေးပျက်မှာစိုးလို့ ဖုန်းမဆက်တာ"

"ဟီး အင်းပါအင်းပါ၊ကိုကို အခုဘာလုပ်နေလဲ"

"မနက်စာပြင်နေတယ် ကလေး"

"ဟင်!ဟိုအမွှေစိန်မက မလုပ်ဘူးလား"

"ဟားဟား ချန်းချန်းကခုထိတောင်မနိုးသေးဘူး"

"သူအပျင်းကြီးတာနဲ့ ကျွန်တော့်ကိုကိုပင်ပန်းနေရပြီ၊တွေ့ကာမှပြောပစ်ဦးမယ်"

"အဲ့လိုနဲ့ ရန်ဖြစ်ကြဦးမယ်၊ကိုကို့အတွက် ဒါတွေလုပ်ရတာကအပန်းမကြီးပါဘူးကွ"

"အင်းပါအင်းပါ၊ဒါနဲ့...ကိုကိုဒီနေ့အားလားဟင်"

"အားတယ် ကလေး၊မနက်ဖြန်သွားမှာဆိုတော့ လုပ်စရာ‌အလုပ်တွေအကုန်အပြီးသတ်ပြီးလို့ကုမ္ပဏီမသွားရတော့ဘူး"

"Awww"

"ဘာလို့လဲ ကလေး"

"ဘာမှမဟုတ်ဘူး၊ဒီတိုင်းမေးကြည့်တာ ဟီး"

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now