Unicode
မြို့ထဲကို ဖြေးဖြေးမှန်မှန်မောင်းလာတဲ့ ကားပေါ်မှာ ကျောင်းအုပ်ဆရာကြီး၊ယွီရင်၊၀မ်လေး၊ရှောင်းကျန့်တို့မောင်နှမနဲ့driverဦးလေးကြီးတို့ရှိနေကြတယ်။
ဆရာကြီးနဲ့ယွီရင့်ကြားကနေ ကားရှေ့ခန်းမှာရှိတဲ့ရှောင်းကျန့်တို့မောင်နှမကို မျက်တောင်မခတ်တမ်းမျက်လုံးပြူးလေးနဲ့လိုက်ကြည့်နေသူက ၀မ်ရိပေါ်။
ရှောင်းကျန့်ကိုသာ စိုက်ကြည့်နေတယ်လို့ပြောရင်ပိုမှန်မယ်။
ရိပေါ်တစ်ယောက် ရှောင်းကျန့်မျက်နှာပေါ်က သွေးထွက်နေတဲ့ဒဏ်ရာတွေကို ကြည့်ရင်း
'ဒီကိုကိုအရမ်းနာနေမှာပဲ'
လို့တွေးမိတော့ ကိုကို့ကိုဝိုင်းထိုးတဲ့ကျောင်းသားသုံးယောက်ကိုမကျေနပ်သလို ကိုကို့ပေါင်ပေါ်က ကလေးမလေးကိုပါအမြင်ကပ်လာမိတယ်။
ကိုကိုကဒဏ်ရာတွေကြောင့် နာနေမှာကို အလိုက်ကမ်းဆိုးမသိ သူ့ခန္ဓာကိုယ်နဲ့ဖိထိုင်ထားတဲ့အပြင် အပျင်းကြီးပြီးမှီနေတယ်မဟုတ်လား။
ကိုကိုကလဲ အဲ့ဒီကလေးမရဲ့ခေါင်းကိုဖွဖွလေးပွတ်သပ်ပေးလို့ရယ်။"မောင်ရင် ရှေ့နားကဆေးဆိုင်မှာကားခနရပ်ပြီး ရှောင်းကျန့်ဒဏ်ရာကိုလိမ်းဖို့ ဆေးဆင်း၀ယ်ပေးပါဦးကွာ"
'ဒီကိုကို့နာမည်က ရှောင်းကျန့်တဲ့လား'
A B C Dတောင်အလွတ်မမှတ်ချင်တဲ့ အိပေါ်လေးက ကိုကို့နာမည်ကိုတော့ ချက်ချင်းမှတ်ထားလိုက်ပြီ။driverဦးလေးကြီးက ၀မ်ဖိုးဖိုးစကားအတိုင်း ဆေးဆိုင်ရှေ့အရောက်မှာကားရပ်လိုက်ပြီး ကားပေါ်ကဆင်းသွားတယ်။
"ရှောင်းကျန့် ဒဏ်ရာတွေအရမ်းနာနေလား"
"သိပ်မနာပါဘူးဆရာကြီး"
"မနာလည်း ဆေးလေးတော့ထည့်ဦးပေါ့၊မဟုတ်ရင် ဆရာ့တပည့်ချောချောလေးမျက်နှာမှာ အမာရွတ်ကျန်နေဦးမယ်"
"ဟီး...ဟုတ်ကဲ့"
၀မ်ဖိုးဖိုးစကားကြောင့် ကိုကိုက လည်ကုတ်လေးကိုပွတ်ကာရယ်နေတယ်။
ဒီကိုကို့မျက်နှာက ဒဏ်ရာတွေရှိလျက်နဲ့တောင် ပြုံးရွှင်ကြည်လင်လို့ရယ်။
ဖိုးဖိုးကိုရယ်ပြတဲ့ ကိုကို့မှာ အိပေါ်ကြည့်နေကျကာတွန်းကားထဲကယုန်လေးလို ရှေ့သွားကြီးကြီးလေးနှစ်ချောင်းရှိတယ်။
ESTÁS LEYENDO
Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)
Fanficအဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။ #Zhanyi fanfiction❣️ အဖြူရောင်လေး ဒါပေမယ့် အချိန်ဆိုတဲ့ပန်းချီဆရာက ဆေးရောင်စုံ ရေးခြယ်သွားတယ်......။